ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ ကောင်လှိုင်းကျေးရွာတွင် သီးနှံများကို ရာသီအလိုက် စိုက်ပျိုးလျက်ရှိရာ ဆောင်းသီးနှံအဖြစ် ခရမ်းချဉ်သီး၊ ပဲအမျိုးမျိုးကို ရေထွက်များအနီးဝန်းကျင်၌ ရေသွင်း၍ တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိသည်။