ဒီတစ်ပတ် ကျွန်တော်နဲ့ ဆွေးနွေးမယ့် ပုဂ္ဂိုလ်ကတော့ တည်ကြည်ခံ့ညားပြီးတော့ ယုံကြည်လောက်တဲ့ ရုပ်ရည်ရူပကာကို ပိုင်ကြတဲ့ သဘာဝမင်းသားကြီးတွေထဲက တစ်ဦးဖြစ်တဲ့ မောင်မောင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတည်းကတော့ မောင်မောင်တာ၊ မောင်မောင်တာနဲ့ပဲ ဒီလိုပဲ ကျွန်တော်တို့က ခေါ်လာကြတာပေါ့လေ။