ဂျပန်နိုင်ငံမှာ နေထိုင်သူတွေအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ပိုးကာကွယ်ဆေး အခမဲ့ထိုးပေးမယ်
ဂျပန်နိုင်ငံမှာ နေထိုင်သူတွေအားလုံးကို ကိုရိုနာဗိုင်းရပ်စ်ပိုးကာကွယ်ဆေး အခမဲ့ထိုးပေးမယ်လို့ လွှတ်တော်က ဒီနေ့(ဗုဒ္ဓဟူးနေ့)မှာ ဆုံးဖြတ်ကြောင်း သိရပါတယ်။
COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း
(၁-၁၂-၂၀၂၀) ရက်နေ့ ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ (၁,၄၇၆) ဦး၏ မြို့နယ်အလိုက် တွေ့ရှိရမှုအခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ကျန်းမာရေးဝန်ထမ်းတွေနဲ့ စောင့်ရှောက်ရေးဂေဟာနေထိုင်သူတွေဟာ ဗိုင်းရပ်စ်ရောဂါပိုးကာကွယ်ဆေး ဦးစားပေးခံရသူများဖြစ်ကြောင်း အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးအဖွဲ့ အကြံပေးကော်မတီ ပြောကြား
အမေရိကန်နိုင်ငံမှာ ကျန်းမာရေးဝန်ထမ်းတွေနဲ့ စောင့်ရှောက်ရေးဂေဟာ နေထိုင်သူတွေဟာ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါပိုး ကာကွယ်ဆေးအား ဦးစားပေးပြီး ထိုးပေးသွားမယ်လို့ အမေရိကန် ရောဂါကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးအဖွဲ့ရဲ့ အကြံပေးကော်မတီက  အင်္ဂါနေ့က ပြောကြားပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံက လာမည့် ဖေဖော်ဝါရီလတွင် ကိုဗစ်ကာကွယ်ဆေး ရရှိပြီး ပြည်သူများကို အခမဲ့ ထိုးပေးမည်
ပထမအသုတ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးကို လာမည့် ဖေဖော်ဝါရီလအတွင်း ရရှိမည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံက မျှော်လင့်ပြီး ပြည်သူများကို အခမဲ့ ထိုးပေးမည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁,၄၇၆) ဦး တွေ့ရှိ

ဘရာဇီးနဲ့ မက္ကဆီကိုနိုင်ငံက ဗိုင်းရပ်စ်ရောဂါပိုးအခြေအနေအား ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး
ဘရာဇီးနဲ့ မက္ကဆီကိုနိုင်ငံတွေက ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှုဟာ စိုးရိမ်စရာကောင်းတဲ့ အခြေအနေမှာ ရှိနေကြောင်းနဲ့ ရောဂါပိုးကူးစက်မှုအား ပိုမိုအားစိုက်ထိန်းချုပ်ရန် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က တနင်္လာနေ့မှာ သတိပေးပြောကြားလိုက်ပါတယ်။