ကျောက်မြောင်းမြို့ ကိုးပင်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ အမိုးလန် ပျက်စီး၍ သစ်ပင်ပြိုလဲမှုဖြစ်ပွား 
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် ကျောက်မြောင်းမြို့ ကိုးပင်ကျေးရွာတွင်  မေ ၂၇ ရက် ညနေ ၄ နာရီ မိနစ် ၄၀ က  မိုးသည်းထန်စွာရွာသွန်းပြီး  လေပြင်းတိုက်ခတ်မှုကြောင့်  လူနေအိမ်များအမိုးလန်ပျက်စီး၍  သစ်ပင်များ ပြိုလဲမှုဖြစ်ပွားခဲ့ကြောင်း ရွှေဘိုခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး  ဦးအေးမြင့်က ပြောကြားသည်။
ခန္တီးမြို့နယ် ကောင်းဟိန်ကျေးရွာ၌ ပြည်သူ့စကားဝိုင်းကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် ကောင်းဟိန်ကျေးရွာ ဘုန်တော်ကြီးကျောင်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြစ် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက်ပိုင်းက ကျင်းပသည်။
မင်းတုန်းမြို့နယ်၌ လေပြင်းတိုက်ခတ်မှုကြောင့် စာသင်ကျောင်းဆောင်နှင့် လူနေအိမ်များ အမိုးလန်ပျက်စီး
မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့နယ်တွင် မေ ၂၇ ရက်  ညနေပိုင်းက မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၇ လုံး၊ မူ/လွန်ကျောင်းဆောင် ၂ ဆောင် အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ တိရစ္ဆာန်ပြုစုစောင့်ရှောက်ရေး ကာကွယ်ဆေးထိုးသင်တန်းဆင်းပွဲ ကျင်းပ
မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ တိရစ္ဆာန်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် တိရစ္ဆာန်များတွင် ကူးစက်ရောဂါဖြစ်ပွားမှုများ ကင်းဝေးစေပြီး သန့်ရှင်းလတ်ဆတ်သော အသား၊ ငါးနှင့် နို့ထွက်ပစ္စည်းများ ပိုမို ထုတ်လုပ်လာနိုင်စေရန် ရည်ရွယ်၍ ဖွင့်လှစ်သည့် တိရစ္ဆာန်ပြုစုစောင့်ရှောက်ရေး ကာကွယ်ဆေးထိုးသင်တန်းဆင်းပွဲကို မေ ၂၇ ရက်  မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနရုံး အစည်းအဝးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။ 
မော်လူးမြို့တွင် ဆေးစိမ်ခြင်ထောင် အခမဲ့ဖြန့်ဝေ
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့နယ် မော်လူးမြို့ပေါ်ရပ်ကွက်နှင့် ကျန်ရှိနေသည့် ကျေးရွာများကို မေ ၂၇ ရက် နံနက် ၈ နာရီက တိုက်နယ်ကျန်းမာရေးဌာနတွင် ဆေးစိမ်ခြင်ထောင် အခမဲ့ ဖြန့်ဝေပေးခဲ့သည်။