Shwebo Mountain Biker Group မှ ရွှေဘို-မြစ်ဆုံခရီးစဉ် မိုင်(၃၂၀)ကျော်ကို စက်ဘီးစီးနင်းမည်

Shwebo Mountain Biker Group ၏ ခရီးမိုင်အရှည်ဆုံးဖြစ်လာမည့် ရွှေဘို-မြစ်ဆုံခရီးစဉ် မိုင်(၃၂၀)ကျော်ကို စုပေါင်းစက်ဘီးစီးနင်းမည်ဖြစ်ကြောင်း ၎င်းအဖွဲ့၏ ဥက္ကဌ ကိုအောင်ကျော်စိုးဝင်း(ခ) ကိုချွန်းချွန်း ထံမှ သိရသည်။
ဂန့်ဂေါမြို့နယ်တွင် မဲဆန္ဒရှင်စာရင်းပြုစုရေး သင်တန်းဖွင့်
ဂန့်ဂေါမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ကြီးမှူး၍ မဲဆန္ဒရှင်စာရင်း ပြုစုနိုင်ရေး သင်တန်းဖွင့်ပွဲကို -----------
မိုးညှင်းမြို့နယ် အုန်းစံဆိုင်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ လဲကျပြီး နေအိမ်များ ပျက်စီး
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ဘီလူးကျေးရွာအုပ်စု အုန်းစံဆိုင်ကျေးရွာတွင် ယမန်နေ့ ည ၁၀ နာရီ ၅၅ မိနစ်တွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ လေးပြင်းတိုက်ခတ်သဖြင့် လူနေအိမ်ပြိုကျမှုနှင့်အတူအိမ်များအမိုးလန်ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။     
ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေ အခက်ကြုံနေသည့် ကျေးလက်နေပြည်သူများထံ သောက်သုံးရေများ သွားရောက်လှူဒါန်းပေး
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် မိုးဦးမိုးများ ကောင်းစွာရွာသွန်းခြင်း မရှိသေးသည့်အတွက် မြို့နယ်အတွင်းရှိ အညာကျေးလက်ဒေသများတွင် ကျေးလက်နေပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရဆဲဖြစ်ကြောင်း သိရ၍ ဩဂုတ် ၆ ရက်၊ နံနက်ပိုင်းက ပုဂံမြို့၊ ရတနာဘုံစံတောရကျောင်းဆရာတော် အရှင်သာဂရ ဦးစီးတည်ထောင်ထားသည့် ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းက သုမင်္ဂလာ ပရဟိတရေလှူအသင်းနှင့် ပူးပေါင်း၍  သောက်သုံးရေရှားပါးသည့်ကျေးရွာများအား  ရေသယ်ယာဉ်များဖြင့် သွားရောက် ဖြန့်ဝေလှူဒါန်းပေးခဲ့ကြောင်း သိရသည်။ 
ငဝန်မြစ်ရေ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်တွင် ရောက်ရှိနေ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ နံနက် ၁၀ နာရီခွဲ ထုတ်ပြန်ချက်အရ ငဝန်မြစ်ရေသည် ပုသိမ်မြို့တွင် ယင်းမြို့၏ စိုးရိမ်ရေမှတ်အောက် (၁)ပေခန့်တွင် ရောက်ရှိနေပါသည်။ အဆိုပါမြစ်ရေသည် နောက်(၁)ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်ကြောင်း သိရသည်။
ကွတ်ခိုင်မြို့နယ်တွင်  အာဖရိကဝက်အပြင်းဖျားရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြော လက်ကမ်းစာစောင်များ ဖြန့်ဝေ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ်တွင် ဒေသခံပြည်သူများ မွေးမြူထားသော ဝက်များ၌-------
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ်တွင် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း) ဖယ်ခုံမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ (KOICA) နှင့် ရာသီဥတု ပြောင်းလဲမှုဗဟိုဌာန (Korea Climate Change Center) တို့ ---------