မြောင်းမြမြို့ ဘုရားချောင်းရပ်ကွက် နိဗ္ဗာန်လမ်းကို သိန်း ၂၁၀ဝ ကျော်အသုံးပြု၍ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်မည်

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့ဘုရားချောင်းရပ်ကွက် နိဗ္ဗာန်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်မည်ဖြစ်ကြောင်း ဩဂုတ် ၂ ရက် နံနက် ၉ နာရီက မြရွှေဝါခန်းမ၌ပြုလုပ်သည့် တွေ့ဆုံရှင်းလင်းပွဲမှ သိရသည်။  
ပန်းတနော်မြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ပျက်စီး
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်တွင် သြဂုတ် ၃ ရက် ညနေ ၄ နာရီခန့်က မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များ အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။
ကလောမြို့နယ်၌ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသော မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ရာ ပြိုင်ပွဲဝင် (၂၇) သင်း ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။
ဘားအံမြို့တွင် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) နည်းပြ (ဆင့်ပွား) သင်တန်းဖွင့်
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် အမျိုးသမီးကိုယ်ကာယ ကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်) နည်းပြ (ဆင့်ပွား) သင်တန်းကို ယနေ့ နံနက် ၈ နာရီက အမှတ်(၁)ရပ်ကွက်၊ ပဒုမ္မာလမ်းရှိ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပခဲ့သည်။
စာရေးဆရာလင်္ကာရည်ကျော်၏ အိပ်မက်ဖက် အမည်ရှိ စာအုပ်သစ်မိတ်ဆက်
အတွေးနှင့် အိပ်မက်များကို တမူထူးခြားစွာ ခံစားရေးဖွဲ့ထားသည့် စာရေးဆရာ လင်္ကာရည်ကျော်(ခ) ဒေါက်တာရဲမြင့်ကျော်၏ အိပ်မက်ဖက် အမည်ရှိ စာအုပ်သစ် မိတ်ဆက်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ လှည်းတန်းစင်တာ၌ ကျင်းပသည်။
ကာတွန်းလောကသားအားလုံးအတွက် အသင်းဝင်သည်ဖြစ်စေ၊ မဝင်သည်ဖြစ်စေ ကာတွန်းပညာတိုးတက်ရေး၊ ကာတွန်းဆရာများရဲ့ ဘဝမြှင့်တင်ရေးအတွက် အဓိကလုပ်ဆောင်ပေးပါတယ် (ဆရာ အော်ပီကျယ်၊ မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်း ဥက္ကဋ္ဌ)
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် မြန်မာနိုင်ငံ ကာတွန်းဆရာများအသင်းဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များသည် သြဂုတ်လ ၃ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်းရှိ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် ရန်ကုန်မြို့ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ပုံနှိပ်စက်ရုံများကို ကြည့်ရှုစစ်ဆေး
ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ အောင်ဆန်းရပ်ကွက်ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန ပုံနှိပ်စက်ရုံများကို ကြည့်ရှုစစ်ဆေးသည်။