ပူတာအို၌ ကျောက်သယ်ကား တိမ်းမှောက်

ကချင်ပြည်နယ် ပူတာအိုမြို့ ဒုတ္တန်ရပ်ကွက် အထက်နမ်ထွမ်ရေအားလျှပ်စစ်လမ်းဆုံ၌ သြဂုတ်လ ၁ ရက် ညနေ ၄ နာရီအချိန်က Lifan အမျိုးအစားကျောက်သယ်ကားသည် သဲကျောက်ချနေစဉ် ဘီးတစ်ဖက်ကျွံကျ၍တိမ်းမှောက်ခဲ့သည်။
မြိတ်မြို့ သမိုင်းဝင် ကန်တော်မင်္ဂလာရေကန် ပတ်လမ်းတွင် LED မီးများတပ်ဆင်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ရှိ သမိုင်းဝင် ကန်တော်မင်္ဂလာရေကန် (ရေကန်ဘောင်)ပတ်လမ်း ----------
လှိုင်သာယာ ဒဂုံဧရာအဝေးပြေးဝန်းတွင် ခရီးသည် လုခေါ်ရာမှ ဓါးထိုးမှုဖြစ် 
လှိုင်သာယာမြို့ ဒဂုံဧရာအဝေးပြေးဝန်းထိပ်တွင် ခရီးသည်လုခေါ်ရာမှ စကားများကာ ဓါးထိုးမှုဖြစ်ပွားကြောင်း သိရသည်။
မြန်မာ-ကိုရီးယားချစ်ကြည်ရေး (ဒလ)မြစ်ကူးတံတားတည်ဆောက်ရေး ရန်ကုန်မြစ်အတွင်း၌ မြေသားစမ်းသပ်မှုများ ဆောင်ရွက်
စီးပွားရေးမြို့တော် ရန်ကုန်မြို့ လမ်းမတော်မြို့နယ်ရှိ ဘုန်းကြီးလမ်းနှင့် ရန်ကုန်တောင်ပိုင်းခရိုင် ဒလမြို့နယ်ရှိ ကမာကဆစ်ရပ်ကွက် ဗိုလ်မင်းရောင်လမ်းမကြီးတို့သို့----
ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှုနည်း၍ ယခင်နှစ်ထက် ရေလှောင်ပမာဏလျော့နည်း
ယခုနှစ်မိုးရာသီတွင် ရေလှောင်တမံများအတွင်း ရေဝင်ရောက်မှုနည်းပါးပြီး ရေလှောင်ပမာဏများမှာ ယခင်နှစ်ထက် လျော့နည်းသွားသည့်အတွက် မိုးစပါးစိုက်ဧကများအပေါ်တွင် ပျိုးထောင်ရေအပါအဝင် စိုက်ပျိုးရေကို အထူးခြိုးခြုံချွေတာ၍ ပေးဝေနိုင်ရန်လိုအပ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက ထုတ်ပြန်လိုက်သည်။
မင်းတုန်းမြို့တွင် ရာသီတုတ်ကွေး(H1N1)ဖြစ်ပွားသူနှစ်ဦး တွေ့ရှိ
သရက်ခရိုင်၊ မင်းတုန်းမြို့တွင် ရာသီတုတ်ကွေး(H1N1)လူနာနှစ်ဦး တွေ့ရှိခဲ့ရာ မမိုးပြည့်ပြည့်မောင်မှာ ယနေ့နံနက် ၉ နာရီတွင် ဆေးရုံတက်ရောက်၍ ဆေးကုသမှုခံယူရာ ရာသီတုတ်ကွေးပိုး တွေ့ရှိ၍မြို့နယ်ဆရာဝန် ဒေါက်တာထွန်းလင်းအောင်က ပထမဆုံးတွေ့ရှိသည့် လူနာဖြစ်၍ မကွေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသစေခဲ့သည်။
သွေးဖြူဥများနေတယ် ဘာစားရမလဲ
အရာရာတိုင်းက တန်ဆေး လွန်ဘေးဆိုသလို ခန္ဓာကိုယ်ထဲမှာ သွေးဖြူဥဆဲလ်နည်းတက ကိုယ်ခံအားကို ---------