ထိုင်းဘုရင်မင်းမြတ်မှ ဆပ်ကပ်လှုဒါန်းသည့် (Golden Pagoda Award ) ဘွဲ့တံဆိပ်တော် ရရှိခဲ့သည့် ကျိုက်ထီးဆောင်း ဒုတိယ ဆရာတော် ဒေါက်တာဘဒ္ဒန္တနာဂဒီပအား ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပ
ထိုင်းဘုရင်မင်းမြတ်မှ ဆပ်ကပ်လှုဒါန်းသည့် Suvanna Pathom Chedi (Golden Pagoda Award)ဘွဲ့တံဆိပ်ရရှိတော်မူသည့် ကျိုက်ထီးဆောင်း ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တနာဂဒီပအား ဂုဏ်ပြုပူဇော်သည့် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဇုတ်သုတ် စံပြကျေးရွာ၊ ကျိုက်ထီးဆောင်းဆံတော်ရှင်စေတီတော်မြတ်ကြီး၏ အောင်မြေကုန်း တော် အောင်စြင်္ကာဓမ္မာရုံတွင် ပြုလုပ်သည်။






