နောင်ချိုမြို့နယ်၌ တူမီးသေနတ် ကိုင်ဆောင်သူအား အရေးယူ
ဇူလိုင် ၂၂ ရက် နံနက်ပိုင်းက ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ ပန်းတောကျေးရွာနေ အောင်ဇော်ထူး (ခ) သားထူး (၁၆) နှစ်သည် အရှည်၄ ပေခွဲခန့် တူမီးသေနတ် ၁ လက်အားကိုင်ဆောင်ကာ ကျေးရွာအတွင်း လှည့်လည်သွားလာနေသဖြင့် ပန်းတောကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့မှ ထိန်းသိမ်းထားပြီး ရှမ်းပြည်နယ်၊ နောင်ချိုမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့ကြောင်း သိရသည်။
အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင် မြန်မာနိုင်ငံဆိုင်ရာ ဆားဗီးယားနိုင်ငံသံအမတ်ကြီး Mr. MiodragNikolin အား လက်ခံတွေ့ဆုံ
အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် မြန်မာနိုင်ငံဆိုင်ရာ ဆားဗီးယားနိုင်ငံသံအမတ်ကြီး Mr. MiodragNikolin အား ယနေ့မွန်းလွဲ ၂ နာရီတွင် အမျိုးသားလွှတ်တော် (J) ဆောင်၌ လက်ခံတွေ့ဆုံသည်။
စစ်ကိုင်းမြို့ရှိ ကောင်းမှုတော်ဘုရားကြီး ပုရိဝုဏ်ကို သုံးဖက်မြင်မြေပုံ ထုတ်နိုင်ရန်စီစဉ်နေ
စစ်ကိုင်းမြို့ရှိ ရာဇမဏိစူဠာ ကောင်းမှုတော် ဘုရားကြီး ပရိဝုဏ်ကို သုံးဖက်မြင် မြေပုံထုတ်နိုင်ရန် စီစဉ်နေကြောင်း ကောင်းမှုတော်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
စိုးရိမ်ရေမှတ်ရောက်ရှိနေသော မြစ်ရေအခြေအနေများ
မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ (၂၃.၇.၂၀၁၉)ရက်နေ့ (၁၄:၃၀)နာရီအချိန်တွင် တိုင်းတာရရှိသော မြစ်ရေအခြေအနေများကို အောက်ပါအတိုင်းထုတ်ပြန်ထားသည်။
နောက် ၂ ရက်အတွက် ကချင်၊ ရှမ်း(မြောက်ပိုင်း)နှင့် ရခိုင်ပြည်နယ်တို့တွင် မိုးပိုနေမည်
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၂၃)ရက်နေ့ မွန်းလွဲ (၂:ဝ၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားအနည်းငယ်မှ အားအသင့်အတင့် ရှိနေပါသည်။
ယနေ့မွန်းလွဲပိုင်း ရွှေဈေးနှုန်း

ရန်ကုန် ၂၃ ဇူလိုင်