နှမ်းတစ်တင်းစိုက်လျင် တင်း ၅၀ ခန့်ထွက်မည်ဟု တောင်သူများ မျှော်မှန်းထား

မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်တွင် ယခုနှစ်မိုးရာသီ၌ နှမ်းဧက တစ်သိန်းရှစ်သောင်းကျော် စိုက်ပျိုးလျက်ရှိပြီး နှမ်းအပင်၊ အသီးအပွင့် ဖြစ်ထွန်းအားကောင်းနေသောကြောင့် နှမ်းတစ်တင်း (၂ဧက) စိုက်လျင် တင်း ၅၀ ခန့်ထွက်မည်ဟု မျှော်လင့်ထားကြောင်း မကွေးမြို့နယ်ရှိ ဒေသခံတောင်သူများထံမှ သိရသည်။
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. Christine SchranerBurgener နှင့် အဖွဲ့အား လက်ခံတွေ့ဆုံ
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအထောက်အကူပြုကော်မတီဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်သည် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Mrs. ChristineSchranerBurgener နှင့် အဖွဲ့အား ယနေ့နံနက် (၉)နာရီတွင် အမျိုးသားလွှတ်တော် (J)ဆောင်၌ လက်ခံတွေ့ဆုံသည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ မြို့ကြီးများ၏ အမြင့်ဆုံးအပူချိန်၊ အနိမ့်ဆုံးအပူချိန်နှင့် မိုးလေဝသခန့်မှန်းချက်

နေပြည်တော် ၁၇ ဇူလိုင်

လယ်ယာထွက်ကုန်နှင့် သစ်သီးဝလံဈေးနှုန်းများ
1
နောက်(၂)ရက်အတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းတို့တွင်မုတ်သုံလေအားကောင်းနေမည်
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ မနက်ဖြန် နံနက်အထိခန့်မှန်းချက်မှာ နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး‌အောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကျဲကျဲ၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် ‌နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး တနင်္သာရီတိုင်းဒေသကြီးတွင် နေရာကွက်၍ မိုးကြီးနိုင်သည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ရဲကင်းမှူး ရဲအုပ် မင်းသန့် (ယခု ဆီဆိုင်မြို့နယ်၊ ဘန်းယဉ်နယ်မြေရဲစခန်း) အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်လှစ် အရေးယူ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာ အုပ်စု၊ ပိတောက်ခုံရပ်တွင် ငွေစုခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ် ----------
မင်းဘူးမြို့နယ်အတွင်း ကျေးရွာ(၁၄)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီး 
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၈-၂၀၁၉ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ဖြင့် မင်းဘူးမြို့နယ်အတွင်း ကျေးရွာ(၁၄)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း (၁၄)ခုကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါရာ နှုန်းပြည့်ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာန မှ သိရသည်။