နိုင်ငံခြားရေးဝန်ကြီးဌာန သံတမန်သင်တန်းကျောင်း အဆောက်အဦဗိသုကာပုံစံ ရှင်းလင်းတင်ပြခြင်းနှင့် ဂုဏ်ပြုပွဲ အခမ်းအနား ကျင်းပ

သံတမန်သင်တန်းကျောင်း (ရန်ကုန်) ဆောက်လုပ်ရန်အတွက် အဆောက်အဦ ဗိသုကာပုံစံ ရှင်းလင်းတင်ပြခြင်း အစီအစဉ်နှင့် သင်တန်းကျောင်း အဆောက်အဦ ဗိသုကာ ဒီဇိုင်းပုံစံများအား စိစစ်ရွေးချယ်နိုင်ရေးအတွက် ပံ့ပိုးကူညီပေးခဲ့ကြသူများနှင့်..............
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ တိုင်းဒေသကြီးအဆင့် နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲဆိုင်ရာကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့ မွန်းလွဲ ၂ နာရီတွင် ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မွန်ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မွန်ပြည်နယ်အတွင်းရှိ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများစုပေါင်း၍ ရွေးကောက်ပွဲဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲအား ဇူလိုင်လ ၈ ရက် နံနက် ၁၀ နာရီတွင် မော်လမြိုင်မြို့၊ မွန်ပြည်နယ်အစိုးရ အဖွဲ့ ရုံးဝင်းအတွင်းရှိ ဟင်္သာခန်းမတွင် ကျင်းပခဲ့သည်။
ပြဇာတ်နှင့်သရုပ်ဆောင်ခြင်းအနုပညာ ဟောပြောပွဲကျင်းပမည်
ရန်ကုန်တက္ကသိုလ် အနုပညာအသင်းမှ စီစဉ်သော ပြဇာတ်နှင့်သရုပ်ဆောင်ခြင်းအနုပညာဟောပြောပွဲကို ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 
မန္တလေး-ရန်ကုန် အမြန်လမ်းမကြီး မိုင်တိုင် ၂၀၉/ ဝ- ၂၀၉/၁ ကြားတွင် မော်တော်ယာဉ်တစ်စီး ဘူးကွဲချောင်းထဲသို့ ထိုးကျမှုဖြစ်ပွား
မန္တလေး-ရန်ကုန် အမြန်လမ်းမကြီး မိုင်တိုင် ၂၀၉/ ဝ- ၂၀၉/၁ ကြားတွင် ဇူလိုင် ၈ ရက်နေ့ မွန်းလွဲ ၂ နာရီ မိနစ် ၄၀ ခန့်က Toyota Hilux Vigo မော်တော်ယာဉ်တစ်စီး ဘူးကွဲချောင်းတံတား ဝဲဘက်လက်ရန်းအား ဝင်တိုက်ပြီး ဘူးကွဲချောင်းထဲသို့ ထိုးကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဗိုလ်ချုပ်ပြတိုက်တွင် အထူးအစီအစဉ်အဖြစ်ပြသမည့် ပြင်ဆင်နေမှုနှစ်ရပ် အများပြည်သူကိုပြသရန် အဆင်သင့်ဖြစ်နေပြီဖြစ်
(၇၂)ကြိမ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်ပြတိုက်ကို အခမဲ့ဖွင့်လှစ်ပြသသွားမည်ဖြစ်ပြီး ယခုနှစ်တွင် အထူးအစီအစဉ်နှစ်ရပ်ဖြင့် ပြသမည့်ပြခန်းပြင်ဆင်မှုမှာ သတ်မှတ်ရက်ထက် ကြိုတင်ပြီးစီးနေ၍ အများပြည်သူကြည့်ရှုလေ့လာရန် အဆင်သင့်ရှိနေပြီဖြစ်ကြောင်း ဗိုလ်ချုပ်ပြတိုက်မှ သိရသည်။
မြန်မာ ယူ-၁၈ အသင်း ဂျပန်နိုင်ငံ၌ သွားရောက်လေ့ကျင့်မည်
၂၀၁၉ အာဆီယံ ယူ-၁၈ ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၈ အသင်းသည် ပြိုင်ပွဲမတိုင်မီ ကြိုတင်ပြင်ဆင်မှုအဖြစ် ဂျပန်နိုင်ငံ၌ သွားရောက်လေ့ကျင့်မည်ဖြစ်သည်။