စတုတ္ထအကြိမ် ကလပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲကျင်းပ

စတုတ္ထအကြိမ် ကလပ်ပေါင်းစုံ စစ်တုရင်ပြိုင်ပွဲကို ယနေ့နံနက် ၈ နာရီခွဲက မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိပ်ညွန့်(စံပြ)ရပ်ကွက် မြို့ပတ်လမ်း သာသနာ့ဝေယျာဝစ္စဓမ္မာရုံ၌ ကျင်းပသည်။
ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ဖိုတိုလစ်သိုပုံနှိပ်စက်ရုံကို ကြည့်ရှုစစ်ဆေးပြီး The Global New Light of Myanmar သတင်းစာတိုက် စာတည်းအဖွဲ့နှင့်တွေ့ဆုံ
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ တာမွေမြို့နယ် ငါးထပ်ကြီးဘုရားလမ်းရှိ ဖိုတိုလစ်သိုပုံနှိပ် စက်ရုံကို ကြည့်ရှုစစ်ဆေးသည်။
ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ လမ်း၊ တံတား တည်ဆောက်ရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေး

ရန်ကုန် ၆ ဇူလိုင်

မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာချုပ်၌ ၂၀၁၉ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ
မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ ၂၀၁၉ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၇ နာရီခွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၊ ရုံးအမှတ်(၈)၊ (၃၈)နှင့် (၄၅)တို့၌ တစ်ပြိုင်တည်း ကျင်းပစိုက်ပျိုးသည်။
ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန် ရန်ကုန်မြို့ရှိ စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားလေ့ကျင့်ရေး စခန်းများ လိုက်လံကြည့်ရှုစစ်ဆေး
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်သည် ယနေ့နံနက်(၇)နာရီက ရန်ကုန်မြို့၌ စခန်းဝင်လေ့ကျင့်လျက်ရှိသော အားကစားလေ့ကျင့်ရေး စခန်းများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ၂၀၁၉ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ပြည်ထောင်စုနယ်မြေ လယ်ဝေးမြို့နယ်၊ ရန်အောင်မြင်ကြိုးဝိုင်း၊ အကွက်အမှတ်(၁၃)အတွင်း ကျင်းပသည်။
ပုဂံ ကို ကမ္ဘာ့အမွေအနှစ်အဖြစ် ကြေညာ
အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၌ ကျင်းပလျက်ရှိသည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ်ကော်မတီ ညီလာခံအစည်းအဝေးတွင် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအား ကမ္ဘာ့အမွေအနှစ်အဖြစ် အသိအမှတ်ပြု ကြေညာခဲ့ကြောင်း သိရသည်။