မိုးကောင်းမြို့၌ ပိုးလောက်လန်းကာကွယ်နှိမ်နှင်းရေး ဖုံး၊ သွန်၊ လဲ၊ စစ်နှင့် အဘိတ်ဆေးခတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး
ခြင်ကျားများဖြစ်စေသော ပိုးလောက်လန်း ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းကို မိုးကောင်းမြို့ ဈေးကုန်းရပ်ကွက်၌ ယနေ့နံနက်ပိုင်းတွင် ဖုံး၊ သွန်၊ လဲ၊ စစ်လုပ်ငန်းနှင့် အဘိတ်ဆေးခတ်လုပ်ငန်းများ ဆောင်ရွက်နေကြကြောင်း သိရသည်။







