နေပြည်တော်ကောင်စီ ဥက္ကဌဒေါက်တာမျိုးအောင် မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲတက်ရောက်

၂၀၁၉ခုနှစ် နေပြည်တော်ကောင်စီ ဥက္ကဌဖလား အသက်(၁၇)နှစ်အောက် မြို့နယ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ညနေ(၃)နာရီတွင်  ပျဉ်းမနားမြို့၊ ပေါင်းလောင်း အားကစားကွင်း၌ ကျင်းပသည်။
မြန်မာနှင့် ထိုင်း ယူ-၁၉ အမျိုးသမီးအသင်း ခြေစမ်းပွဲကစားရန် သဘောတူညီမှုရရှိ
၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မည့် မြန်မာ ယူ-၁၉ အမျိုးသမီးအသင်းနှင့် ထိုင်း ယူ-၁၉ အမျိုးသမီးအသင်းသည် ပြိုင်ပွဲမတိုင်မီ ခြေစမ်းပွဲကစားရန် သဘောတူညီမှုရရှိခဲ့သည်။ 
မြန်မာ-တရုတ်ကုန်ပစ္စည်းမိတ်ဆက်ရောင်းချပွဲဖွင့်ပွဲ ကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ကွင်းမင် ကွင်းမန် မဲခေါင်စီးပွားရေးလုပ်ငန်းတို့မှ ပူးတွဲကျင်းပသော မြန်မာ-တရုတ် ကုန်ပစ္စည်းမိတ်ဆက်ရောင်းချ ပွဲပြပွဲ၊ ဖွင့်ပွဲကို ယနေ့ နံနက် ၁၀ နာရီက ကမ္ဘောဇကုန်သွယ်မှု ဗဟိုဌာနခန်းမဆောင်၌ ကျင်းပခဲ့သည်။
ဗီယက်နမ်နိုင်ငံနှင့် စင်ကာပူနိုင်ငံ၌ကျင်းပမည့် ဂေါက်သီးရိုက်ပြိုင်ပွဲများတွင် မြန်မာကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်
၂၀၁၉ ခုနှစ် ဇူလိုင် ၄ ရက်မှ ၇ ရက်အထိ  ဗီယက်နမ်နိုင်ငံ KM CAM RANH Golf Links (KHANH HOA) ၌ ကျင်းပမည့်  15th VIETNAM AMATEUR OPEN 2019 (VAO) ပြိုင်ပွဲနှင့် 8th VIETNAM LADIES AMATEUR OPEN 2019 (VLAO) ဂေါက်သီးရိုက်ပြိုင်ပွဲတွင် မြန်မာဂေါက်သီးရိုက် ကစားသမားများ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်း ထားဝယ်မြို့၌ ခြေစမ်းပွဲကစား
၂၀၁၉ အာဆီယံ အမျိုးသမီးပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ပြည်တွင်းခြေစမ်းခရီးစဉ် သွားရောက်နေသည့် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းသည် ယနေ့ညနေပိုင်း ထားဝယ်မြို့၌ ခြေစမ်းပွဲစတင်ယှဉ်ပြိုင်ကစားခဲ့သည်။
အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ်   ဝှူရှူးပြိုင်ပွဲတွင် အားကစားသမား၂၀ဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်  
မြန်မာနိုင်ငံဝှူရှူးအဖွဲ့ချုပ်မှ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အိုလံပစ်နေ့အထိမ်းအမှတ် ဝှူရှူးပြိုင်ပွဲကို ဇွန် ၃၀ ရက်မှ ဇူလိုင် ၁ ရက်အထိ ရန်ကုန်မြို့အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်)ဝှူရှူး လေ့ကျင့်ရေးခန်မ၌ ကျင်းပခဲ့ရာ အားကစားသမား ၂၀ဝ ကျော် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ 
နတ်မောက်မြို့နယ် လင်းဒလူးကျေးရွာ၌ သောက်သုံးရေရှားပါးမှုမရှိရေး အဝီစိစက်ရေတွင်း တူးဖော်
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ဂွေးတောက်စမ်းကျေးရွာအုပ်စု၊ လင်းဒလူးကျေးရွာ၌ နွေရာသီ သောက်သုံးရေရှားပါးမှု မရှိစေရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် အဝီစိစက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း  မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။