မကွေးတိုင်းဒေသကြီး မင်းတုန်းမြို့ရှိ လမ်းမကြီးများအနက် စံပြလမ်းနှင့် ရွှေဂူလမ်းအား မူလမြေနီ ကျောက်ချောလမ်းအဆင့်မှ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရန်ပုံငွေ ကျပ်သိန်း ၉၁၀ အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စည်ပင်အမှုဆောင်အရာရှိထံမှ သိရသည်။