ပြည်ထောင်စုဝန်ကြီး ဦးကျော်တင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ရောက်ရှိနေသည့် အပြည်ပြည်ဆိုင်ရာပူးပေါင်း ဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ယနေ့ ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် The Athenee Hotel , Grand Hall ၌ကျင်းပသည့် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (ASEAN Foreign Minister´s Meeting – AMM )သို့ တက်ရောက်သည်။
ဒီးမော့ဆိုမြို့နယ် “ဖော” ငမြောင်တောင်ပိုး ကာကွယ်နှိမ်နင်းခြင်းဆိုင်ရာ နည်းပညာပေးသင်တန်းနှင့် လက်တွေ့ကွင်းဆင်းသရုပ်ပြပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက် 

ဒီးမော့ဆို ၂၂ ဇွန်

အနောက်မြောက်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့ ဟားခါးမြို့နယ်ချွန်ကျုံးကျေးရွာသို့ နယ်လှည့်ကွင်းဆင်းဆေးကု
အနောက်မြောက်တိုင်းစစ်ဌာနချုပ်၊ အမှတ်(၁၀)၊ တပ်မတော်ဆေးရုံ ကုတင်(၁၀ဝ)မှ နယ်လှည့်ဆေး ကုသမှုအဖွဲ့နှင့် ခလရ ၂၆၆ မှ ဒုတိယဗိုလ်မှူးကြီး စိုင်းသူရ ဦးဆောင်သော ဆေးတပ်ဖွဲ့တို့ပူးပေါင်း၍ ဇွန် ၂၂ ရက် နံနက် (၈ )နာရီတွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ် ချွန်ကျုံးကျေးရွာအုပ်စု ချွန်ကျုံး အ.ထ.က သို့ရောက်ရှိပြီး ဒေသခံပြည်သူများအား အခမဲ့နယ်လှည့်ဆေးကုသပေးခဲ့ကြောင်း သိရသည်။
ဒြပ်ရှိယဉ်ကျေးမှုအမွေအနှစ်များသာမက ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်များကိုပါ ကမ္ဘာ့အမွေအနှစ်တင်သွင်းနိုင်ရေး ဆွေးနွေး

နေပြည်တော် ၂၂ ဇွန်

ပူတာအိုမြို့ စစ်ဘေးရှောင်စခန်း၌ ရွေ့လျားစာကြည့်တိုက်နှင့် တိုင်းရင်းဆေးကုသပေးခြင်း ကွင်းဆင်းဆောင်ရွက်
ကချင်ပြည်နယ်၊ ပူတာအိုမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အိမ်တွင်းမီးဖိုချောင်သုံး တိုင်းရင်းဆေးဖက်ဝင် ပစ္စည်းများကို အကျိုးရှိစွာ အသုံးပြုနိုင်စေရေးအတွက် နည်လှည့်ဟောပြောပွဲနှင့် တိုင်းရင်းဆေး အသိပညာပေးခြင်းများကို ဇွန် ၂၂ ရက် နံနက် ၁၀ နာရီတွင် လုံးစွတ်ရပ်ကွက်၊ နေရပ်စွန့်ခွာစစ်ဘေးရှောင်စခန်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရာသီတုပ်ကွေးရောဂါ(H1N1) နှင့် ပတ်သက်၍ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရန် မြေစိုက်ဘုတ်တွင် ပြသ
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံးရှေ့ရှိ မြေစိုက်ဘုတ်ပေါ်တွင် လတ်တလော ဖြစ်ပွားနေသော ရာသီတုပ်ကွေးရောဂါ(H1N1)နှင့် ပတ်သက်၍ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူလုထုများ ကျယ်ပြန့်စွာ သိရှိနိုင်ရန်အတွက် (၁၂ပေ×၄ပေ) မြေစိုက်ဘုတ်တွင် ကျန်းမာရေးဦးစီးဌာနမှ ဖြန့်ဝေထားသော အသိပညာပေး လက်ကမ်းစာစောင်များအား ယမန်နေ့ညနေပိုင်းက ပြသပေးခဲ့သည်။ 
Gonyi Shophouse ရတနာပိုင်တိုင်စိုက်ထူခြင်း အခမ်းအနားသို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်
မြန်မာ့ဂုဏ်ရည်လမ်းနဲ့ အထက်ပန်းဆိုးတန်းလမ်းထောင့်ရှိ Gonyi Shophouse အဆောက်အအုံ ရတနာပိုင်တိုင်စိုက်ထူခြင်းကို ဇွန် ၂၂ ရက် နံနက် ၈ နာရီက ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။