မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့အတွင်း တရားမဝင်သစ်များ ဖမ်းဆီးရမိ

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင် (အတက်) ကားလမ်း၊ (၁၆)မိုင် စစ်ဆေးရေးစခန်း(အတက်)စင်နေရာမှ ဇွန်လ ၁၈ ရက်က  (ဆန်းသစ်-ခရီး သည် တင်မှန်လုံ(၆)ဘီး၊ ယာဉ်ပေါ်မှ တရားမဝင် ပိတောက်ခွဲသား (ဝ ဒသမ ၄၀ဝ၀)တန်နှင့် ပြစ်မှုကျူးလွန်သူ (၁)ဦး ၊  စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ ဗန်းမောက်-အင်းတော်သွား ကားလမ်းတွင် HILUX TURBO (ခဲရောင်)ယာဉ်ပေါ်မှ တရားမဝင် တမလန်း တယောအိုး (၁ ဒသမ ၂၉၇၈)တန်၊ ပြစ်မှုကျူးလွန်သူ (၁)ဦးတို့အား ဖမ်းဆီးရမိခဲ့ပြီး ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး သက်ဆိုင်ရာရဲစခန်းတွင် အမှုဖွင့်လှစ်ဆောင်ရွက် လျက်ရှိသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ နှစ်ဖက်ညှိနှိုင်း၍ ရေမိုင်လှည့်ကင်းဆောင်ရွက်
မောင်တောမြို့နယ်၊ နယ်မြေ(၅)၊ အမှတ်(၂)နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ၊ ရွက်ညိုတောင် ရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များသည် ဇွန် ၁၉ ရက် နံနက် ၁၀ နာရီ ၄၅ မိနစ်က ရေယာဉ်တပ်ဖွဲ့စု (မောင်တော)မှ ငါးမန်းအမြန်သွား တိုက်ခိုက်ရေးရေယာဉ် အမှတ် (ဝ၀၃)ပါ(၂)စီး ၊ ဘင်္ဂလား ဒေ့ရှ်နိုင်ငံ၊ အမှတ်(၂)နယ်ခြားစောင့်တပ် Domdomia BOP ကင်းစခန်းမှ Subedar MD, Najrul Islam နှင့်တပ်ဖွဲ့ဝင်များသည် စက်တပ်ရေယာဉ် (၂)စီး ၊ စုစုပေါင်း ၄ စီးတို့သည် နှစ်နိုင်ငံ နယ်နိမိတ်အနီး နတ်မြစ် မြစ်လယ်ရှိမင်္ဂလာကြီးချောင်းဝထိပ် ရေမိုင်အမှတ်(၈)မှ ဦးရှည်ကျ ချောင်းဝထိပ် ရေမိုင် အမှတ်(၁၁)အနီးထိ နတ်မြစ်ကြောင်းအတိုင်း နှစ်နိုင်ငံ နှစ်ဖက် ညှိနှိုင်း၍ ရေမိုင်ကင်းလှည့်ခဲ့ပြီး ရေယာဉ်အမှတ်(ဝ၀၃)ပေါ်၌ နှစ်ဖက်ကင်းလှည့်သည့် အဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း ရဲပြန်ကြားမှ သိရသည်။
ဖိုးလပြည့်
မန္တလေးဆေးရုံးကြီးတွင် ပြင်ပလူနာဌာနရှိ အမှိုက်ပုံးထဲမှ မွေးကင်းစကလေးအလောင်းတွေ့
မန္တလေးဆေးရုံကြီး၌ ပြင်ပလူနာဌာနရှိ အမှိုက်ပုံးထဲမှ မွေးကင်းစကလေးအလောင်းကို ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းက စည်ပင်အမှိုက်သိမ်းလုပ်သားမှ အမှိုက်ရှင်းနေစဉ် တွေ့ရှိခဲ့သဖြင့် အမှုဖွင့်ထားကြောင်း .........
ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) pdm09) ကြိုတင်ကာကွယ်ရေး သတိပေးနှိုးဆော်ချက်

 

ခြေလျင်နှင့် တောင်တက်အသင်း ၂၄ ကြိမ်မြောက် ဂုဏ်ပြုပွဲ ကျင်းပမည်
သဘာဝခေါ်သံဖောင်ဒေးရှင်းက ကြီးမှူးကျင်းပမည့် တက္ကသိုလ်ခြေလျင်နှင့် တောင်တက်အသင်း ၂၄ ကြိမ်မြောက် ဂုဏ်ပြုပွဲကို ဇွန် ၂၄ ရက် မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ ဗဟန်းရွှေဂုံတိုင်လမ်း တော်ဝင်နှင်းဆီသီရိခန်းမ ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ပုဇွန်တောင်မြို့နယ်တွင် လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပမည်
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ပုဇွန်တောင်မြို့နယ် မြို့နယ်ပြန်/ဆက်ဦးစီးဌာနနှင့် ပညာရေးဌာန၊ မြို့နယ် စာရေးဆရာအသင်းတို့  ပူးပေါင်းမှုဖြင့် လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် ခေါင်းစဉ်ဖြင့် ............