ထိုင်းနိုင်ငံ၌ ကျင်းမည့် အရှေ့တောင်အာရှ အပြည်ပြည်ဆိုင်ရာ လှေသက်ငယ်တန်းနှင့် အကြီးတန်းပြိုင်ပွဲ မြန်မာအသင်း ဝင်ရောက်ယှဉ်ပြိုင်ရန် ထွက်ခွာ
ထိုင်းနိုင်ငံ ပတ္တယားမြို့၌ ဇွန်၂၀ ရက်မှ၂၃ရက်အထိ ကျင်းပမည့် အရှေ့တောင်အာရှသက်ငယ်တန်းနှင့် သက်ကြီးတန်း အနောက်တိုင်းလှေလှော်ဖိတ်ခေါ်ပြိုင်ပွဲ အရှေ့တောင်အာရှ ကနူးလှေလှော်ဖိတ်ခေါ်ပြိုင်ပွဲ (2019 Southeast Asian Rowing and Canoeing Championship)သို့ မြန်မာနိုင်ငံလှေလှော်အဖွဲ့ချုပ်မှ အားကစားသမားများ ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ်ကြောင်း သိရသည်။







