အစိုးရအစုအဖွဲ့၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement-NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများအစုအဖွဲ့ နှင့် နိုင်ငံရေးပါတီအစုအဖွဲ့များ ပါဝင်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အတွင်းရေးမှူးအဖွဲ့ဝင် များ၏ အလွတ်သဘောအစည်းအဝေး ဒုတိယနေ့ကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန် မြို့၊ ရွှေလီလမ်းရှိ အမျိုးသားပြန် လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဆက်လက် ကျင်းပသည်။