ဗိုလ်ရုံကျေးရွာတွင် မီးလောင်မှုဖြစ်ပွားရာ လူနေအိမ်နှစ်လုံး ဆုံးရှုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ အင်တောကျေးရွာအုပ်စု၊ ဗိုလ်ရုံ ကျေးရွာတွင် ဇွန် ၉ ရက် ည ၁ နာရီခန့်က နေအိမ်လူမရှိစဉ် မီးကြွင်းမီးကျန်မှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး လူနေအိမ်နှစ်လုံး မီးလောင်ဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရေး ကျေးရွာပြည်သူများအား ပျိုးပင်များအခမဲ့ဖြန့်ဝေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ရာသီဥတုများဖောက်ပြန်လာမှု၊ ဂေဟစနစ်ကို ပြန်လည်ထိန်းညှိနိုင်ရန်နှင့် ရာသီဥတု ညီညွတ်မျှတလာစေရန် ရည်ရွယ်၍
လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့်  နံရံကပ် စာစောင်၊ ဓာတ်ပုံပြပွဲကျင်းပ
ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ် (၂) လူကုန်ကူးမှု တားဆီးနှိမ်းနင်ရေး ရဲတပ်ဖွဲ့စိတ်(ရွှေဘို) ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲကို ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ကျင်းပပြုလုပ်ခဲ့သည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိဘုရား ၁၅ ဆူကို အိန္ဒိယနိုင်ငံမှ ပြုပြင်ပေးမည်
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ ဘုရား ၁၅ဆူကို အိန္ဒိယနိုင်ငံမှ ပညာရှင်များက အောက်တိုဘာလတွင် ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်ထံမှ သိရသည်။ 
ဆိုင်ကယ်အရှိန်ပြင်းစွာမောင်းနှင်ပြီး ဓာတ်တိုင်အား ဝင်တိုက်မိရာမှ မောင်းနှင်သူ သေဆုံး
မိုင်တိုင်အမှတ် ၇၁၀ နှင့် ၇၁၁ ကြားတွင် ဆိုင်ကယ်တစ်စီး အရှိန်ပြင်းစွာ မောင်းနှင်ပြီး လမ်းဘေးရှိ ဓာတ်တိုင်အား ဝင်တိုက်မိရာမှ မောင်းနှင်သူ သေဆုံးခဲ့ကြောင်း သိရသည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေဝသခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် မုတ်သုံလေ အားကောင်းနေသည်။
ကျွန်းစုမြို့နယ် ငမန်းချောင်းတောင်ကျေးရွာချောင်းအတွင်း၌ ခရီးသည်တင် စက်လှေတစ်စီး မီးလောင်းမှုဖြစ်ပွား
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ ကံမော်ကျေးရွာအုပ်စု၊ ငမန်းချောင်းတောင်ချောင်းအတွင်း၌ ဆိုက်ကပ်ထားသည့် ခရီးသည်တင် စက်လှေတစ်စီးသည် ယမန်နေ့မွန်းလွဲပိုင်းက ဝါယာရှော့ဖြစ်၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း မြိတ်ခရိုင်မီးသတ်ဦးစီးဌာနမှ သိရသည်။