ဗန်းမော်၌ ခရီးထွက်ခွာစဉ် ပန်ကာဖွင့်ထားမိရာမှ ပန်ကာအပူလွန်ကဲကာ နေအိမ်မီးလောင်ကျွမ်း

ကချင်ပြည်နယ် ဗန်းမော်မြို့၌ ဇွန် ၃ ရက် ညပိုင်းက ခရီးထွက်ခွာစဉ် ပန်ကာဖွင့်ထားမိရာမှ ပန်ကာအပူလွန်ကဲကာ နေအိမ်မီးလောင်ကျွမ်းခဲ့ကြောင်း ဗန်းမော်ခရိုင်မီးသတ်တပ်ဖွဲ့မှ သိရသည်။
စစ်တောင်းမြစ်ရေတိုက်စားမှုကြောင့် ကျိုးပြတ်သွားခဲ့သည့် ကမ်းထိန်းတာပြန်လည်ပြင်ဆင်ပြီး၍ ရွာတန်း ရှည်ကျေးရွာဒေသခံများအဆင်ပြေ
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်မြို့နယ်၊ ရွာတန်းရှည်ကျေးရွာသည် မြောက်မှတောင်သို့ စီးဆင်းလာသော စစ်တောင်းမြစ်အကွေ့၏ တောင်ဘက်ထိပ် တည့်တည့်တွင်တည်ရှိ၍ နှစ်စဉ်မြစ်ရေ တိုက်စားခံရခြင်းကြောင့် မြစ်ကမ်းထိန်းတာဘောင် မြောက်ဘက်ခြမ်းရှိ ဘုန်းကြီးကျောင်းဝန်းအတွင်းရှိ သိမ်းကျောင်းတစ်ဆောင် မြစ်ကမ်းပါးပြိုကျမှုတွင်မျောပါသွားခဲ့ပြီး ဘုန်းတော်ကြီးကျောင်းအား ရေလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည့်အပြင် လူနေအိမ်များစွာ ရွှေ့ပြောင်းခဲ့ကြရပြီးဖြစ်သည်။ 
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် ဂျပန်အစိုးရနှင့်ပြည်သူများ လှူဒါန်းမှုဖြင့် ဆောက်လုပ်ပြီးစီးသည့် ကျောင်းဆောင်သစ်အား လွှဲပြောင်း ပေးအပ် 
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့ပေါ်ရှိ ဘုံကျော်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းအတွက် ဂျပန်အစိုးရနှင့် ပြည်သူများလှူဒါန်းမှုဖြင့် ဆောက်လုပ်ပြီးစီးသည့် RC နှစ်ထပ်ကျောင်းဆောင်သစ်အား လွှဲပြောင်းပေးအပ်ပွဲနှင့် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းကအဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပရာ မြန်မာနိုင်ငံဆိုင်ရာ .................
ငါးတက်ကျေးရွာ၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် တစ်နှစ်အောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ ပြည်ခြားကျေးရွာအုပ်စု၊ ငါးတက်ကျေးရွာ၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များကို ကျန်းမာရေးဗဟုသုတရရှိစေရန်နှင့် ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို ဇွန်လ ၃ ရက်နေ့ က ငါးတက်ကျေးရွာ ခရစ်ယာန်ဘုရားကျောင်း၌ ထိုးနှံပေးခဲ့ကြောင်း...
အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမူနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီကာတွန်းနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ
၂၀၁၉ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမူနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီကာတွန်းနှင့် စာစီစာကုံးပြိုင်ပွဲကိုယနေ့နံနက် ၁၀ နာရီက အလကခွဲ လက်ပန်ကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
လက်ပံတန်းမြို့နယ်၌ လေပြင်းဒဏ်ခံခဲ့ရသည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ပစ္စည်းများ ပေးအပ်
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် မေလ ၂၅ ရက်နှင့် ၂၆ ရက်နေ့များတွင် လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ် ၇၆ လုံး အမိုးလန်ပျက်စီးပြီး နေအိမ် ၁၄ လုံး ပြိုလဲပျက်စီးခဲ့ရာ အဆိုပါနေအိမ်များမှ ပြည်သူများအတွက် ပဲခူးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေများကို ယနေ့ နံနက် ၁၀ နာရီက ပေးအပ်ခဲ့သည်။
ဟားခါး၌ ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းနှင့် သတင်းမီဒီယာဆိုင်ရာကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
နိုင်ငံတကာ အလုပ်သမားအဖွဲ့အစည်း(ILO)နှင့် BBC Media Action အဖွဲ့တို့ပူးပေါင်း ကျင်းပသော ရွှေ့ပြောင်းသွားလာလုပ်ကိုင်ခြင်းနှင့် သတင်းမီဒီယာဆိုင်ရာကဏ္ဍ အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့ နံနက် ၉နာရီက ဟားခါးမြို့ CACC ခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုဝန်ကြီး ဦးမန်ဟင်းဒါးလ်၊ပြည်နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ချင်းပြည်နယ် အတွင်းရှိ ဒေသခံ သတင်းမီဒီယာ အဖွဲ့များမှတာဝန်ရှိသူများ တက်ရောက်ကြ