မုံရွာ-ယာကြီး-ကလေးဝ ကားလမ်းအဆင့်တိုးမြှင့်ဖောက်လုပ်နေမှု (၂၀)ရာခိုင်နှုန်းပြီးစီးပြီဖြစ်
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကလေးဝမြို့နယ်နှင့် မုံရွာမြို့တို့အား ဆက်သွယ်ဖောက်လုပ် ထားသည့် မုံရွာ- ယာကြီး-ကလေးဝ ကားလမ်းမကြီးအား အိန္ဒိယနိုင်ငံ၏ အကူအညီဖြင့် အဆင့်မြှင့်တင်ဖောက် လုပ်လျက်ရှိရာ ယခုအခါတွင်(၂၀)ရာခိုင်နှုန်းပြီးစီးနေပြီ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး လမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးမြင့်၏ ပြောကြားချက်အရ သိရ








