အမျိုးသားလွှတ်တော်သို့ လာရောက်ကြည့်ရှုလေ့လာ

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် နော်လှလှစိုး၊  ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၀)၏ မိတ်ဆွေများဖြစ်သော World Food Programme ရုံးမှ ဝန်ထမ်း ၃၁ ဦး၊ တောင်ငူပညာရေးကောလိပ်မှ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ် ပညာသင်တန်း အမှတ်စဉ် (၆/၁၉) သင်တန်းသား၊ သင်တန်းသူများနှင့် ကြီးကြပ်သူ ဆရာ၊ ဆရာမ ၁၀ဝ ဦးတို့သည် အမျိုးသားလွှတ်တော်အစည်းအဝေးသို့ လာရောက်လေ့လာ ကြကြောင်းသိရသည်။
ကရင်ပြည်နယ်အတွင်းရှိ ဂရန်အင်းနှင့်တင်ဒါငါးဖမ်းကွက်များအား ၂၀၁၉-၂၀၂၀ လုပ်ငန်းရာသီနှစ်အတွက် လေလံတင်ရောင်းချ
ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန၊ ၂၀၁၉-၂၀၂၀ လုပ်ငန်းရာသီနှစ်အတွက် ပြည်နယ်အတွင်းရှိ ဂရန်အင်း (၂၆ )အင်းနှင့် တင်ဒါငါးဖမ်းကွက် ( ၂၉ )ကွက်တို့အား လေလံတင်ရောင်းချသည့် အခမ်းအနားကို မေလ ၂၄ ရက်နေ့ မွန်းလွှဲ ၁ နာရီအချိန်ခန့်က ဘားအံမြို့ ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ ကျင်းပသည်။
မြန်မာတက္ကသိုလ်များ သုတေသနညီလာခံ(၂၀၁၉ ) ဖွင့်ပွဲအခမ်းအနားကျင်းပ
မြန်မာတက္ကသိုလ်များ သုတေသနညီလာခံ(၂၀၁၉) Myanmar Universities’ Research Conference 2019 ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမ၌ ကျင်းပသည်။
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည် ဖော်ရေးဆိုင်ရာလုပ်ငန်းအဖွဲ့နှင့် ကချင်ဒေသစစ်ဘေးရှောင် ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ (KHCC)တို့  ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကျင်းပ
ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (IDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် ကချင်ဒေသစစ်ဘေးရှောင် ပြည်သူများအား ကူညီ စောင့်ရှောက်ရေး ကော်မတီ (KHCC) တို့၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ်မြစ်ကြီးနားမြို့၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
မြို့နယ်အချို့တွင်မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ 
မံဝိန်းကြီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၃ ရက် နံနက် ၈ နာရီခွဲက မံစီမြို့နယ်၊ မံဝိန်းကြီးကျေးရွာအနီးရှိ လယ်ကွင်းအစပ်တွင်တွေ့ရှိသူ ဆန်းထွန်းနှင့် မခါးရာ တို့အား စစ်ဆေးရှာဖွေရာ ဘိန်းဖြူ ၅၃ ဒသမ ၉ ဂရမ်နှင့် စိတ်ကြွရူးသွပ်ဆေး ၂,ဝ၅၈ ပြားတို့ကို သိမ်းဆည်းရမိခဲ့သည်။ 
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ ကျင်းပ
ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ဒသမနေ့ကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်သူ့လွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မိုင်းယောင်း၌ ရွေ့လျားပြည်သူ့ဝန်ဆောင်မှုစနစ်ဖြင့် လုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ပေး

မိုင်းယောင်း ၂၄  မေ