မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်ရှိ မီးရထားစက်ခေါင်းရုံဝန်းအတွင်း မီးလောင်မှုဖြစ်ပွားပြီး နေအိမ် ၁၄ လုံး မီးလောင်ဆုံးရှုံး
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် မီးရထားစက်ခေါင်းရုံဝန်းအတွင်းရှိနေအိမ် တစ်လုံးတွင် ယနေ့ မွန်းလွဲပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားရာ အိမ် ၁၄ လုံးခန့် မီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။







