အမြန်လမ်းမကြီးတွင် ခရီးသည်တင်ယာဉ်မှ အရှိန်မထိန်းနိုင်ဘဲ ရှေ့ယာဉ်အား ဝင်ရောက်တိုက်မိ၍ (၁၀)ဦးဒဏ်ရာရ
မေ ၁၄ ရက် နံနက် ၁၁ နာရီ မိနစ် ၅၀ ခန့်က ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၁၈၁/၃-၄)ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားကြောင်း သတင်းအရ သာဂရအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။






