တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မိုးဆက်လက် ထစ်ချုန်းရွာနိုင်

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ လွန်ခဲ့သော(၂၄)နာရီ အတွင်းက တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည် နယ်(တောင်ပိုင်း)နှင့် မွန်ပြည်နယ်တို့တွင်-------------
တကောင်းမြို့အနီး အင်အားအနည်းငယ်ရှိ မြေငလျင်လှုပ်ရှား
ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ (၄၈)မိနစ် (၂၃) စက္ကန့်အချိန်တွင် ကန့်ဘလူမြေငလျင်စခန်းမှ အရှေ့ဘက် (၃၃)မိုင်ခန့် ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (တကောင်းမြို့၏ တောင်ဘက် (၁၈) မိုင်ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၃.၂၃)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.ဝ၂)ဒီဂရီ၊ အနက် (၅) ကီလိုမီတာခန့်ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၁) အဆင့်ရှိ အင်အားအနည်းငယ် ရှိသော မြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းရရှိပါသည်။
ပဲခူးမြို့ ၂၀၁၉ ခုနှစ် သုတစုံလင်ဉာဏ်ကြီးရှင် ပြိုင်ပွဲကြီး နောက်ဆုံးအဆင့်ပြိုင်ပွဲ  ကျင်းပ
ပဲခူးမြို့ သန္တိသုခဗုဒ္ဓဝေယျာဝစ္စနှင့် သာသနာပြု အသင်းကြီးမှ ဦးစီးကျင်းပသော ၂၀၁၉ ခုနှစ် သုတစုံလင် ဉာဏ်ကြီးရှင် ပြိုင်ပွဲကြီးကို ပဲခူးမြို့မြို့တော်ခန်းမ၌ ယနေ့နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့သည်။ 
၂၀၁၈ ခုနှစ် ထူးချွန်ဆုရ မြို့နယ်ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများအား ဆုချီးမြှင့် 
ရန်ကုန်အနောက်ပိုင်းခရိုင် ဗဟန်းမြို့နယ်ရှိ တိုင်းကျန်းမာရေးဦးစီးဌာနတွင် ၂၀၁၈ ခုနှစ် ထူးချွန်ဆုရ  မြို့နယ်ကျန်းမာရေးဦးစီးဌာန မြို့နယ်ပြည်သူ့ဆေးရုံနှင့် တိုက်နယ်ဆေးရုံများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကို-------------
မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ လှူဒါန်းသော ထောက်ပံ့ပစ္စည်းများအား မြို့နယ်ကြက်ခြေနီအသင်းခွဲမှ လေဘေးသင့်ပြည်သူများထံပေးအပ်
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ မြို့နယ်ကြက်ခြေနီ အသင်းခွဲရုံးတွင် ယနေ့နံနက် ၁၀:ဝ၀ နာရီအချိန်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လှူဒါန်းသော ထောက်ပံ့ပစ္စည်းများအား မြို့နယ်ကြက်ခြေနီ အသင်းခွဲမှ လေဘေးသင့်ပြည်သူများထံ ပေးအပ်ပွဲ ပြုလုပ်ခဲ့သည်။     
သဘာဝဘေးအန္တရာယ်ဆိုင်ရာလျော့ပါးရေးနှင့် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးသင်တန်းဖွင့်ပွဲ ကျင်းပ
ဖျာပုံခရိုင်၊ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ ကြီးမှူးကျင်းပပြုလုပ်သော  ဘေးအန္တရာယ်ကြိုတင်ကာကွယ်ရန်နည်းလမ်းများ၊ ဘေးအန္တရာယ် ကျရောက်လာပါက ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် ပတ်သက်သော ကိစ္စရပ်များကို ပြည်သူများ သိရှိနားလည်နိုင်ကြစေရန် ရည်ရွယ်၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာလျော့ပါးရေးနှင့် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ရေးအသိပညာ ပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ဘိုကလေးမြို့နယ် ကျက်သရေဆောင် ချိုကြည်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပခုက္ကူမြို့နယ်တွင် လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁၀၃)လုံးနှင့် စာသင်ကျောင်းတစ်ကျောင်းအမိုးလန်ပျက်စီး
ပခုက္ကူမြို့နယ် ကွန်းရွာအုပ်စု ကျေးရွာ ၇ ရွာတွင် မေလ ၁၃ ရက် ညနေ ၅ နာရီခွဲခန့်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်(၁၀၃)လုံးနှင့် စာသင်ကျောင်း(၁)ကျောင်းအမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။