မြစ်ရေအခြေအနေ

နေပြည်တော် ၁၃ မေ

အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် သူနာပြုဆရာများနေ့ အခမ်းအနား ကျင်းပ
ရှမ်းပြည်နယ် သူနာပြုနှင့် သားဖွားအသင်းမှ ကြီးမှူးကျင်းပသော အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် အပြည်ပြည်ဆိုင်ရာ သူနာပြုများနေ့ အထိမ်းအမှတ် အခမ်းအနားကို မေ ၁၂ ရက်နေ့ နံနက် ၁၀  နာရီက ဖယ်ခုံမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျင်းပသည်။
ငဝန်မြစ်ကမ်းပြိုကျမှုကြောင့် ပျက်စီးသွားသော တာတုံး တည်ဆောက်ပြီးစီး
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ် မကျီးလဟာကျေးရွာအုပ်စုတွင် ဧပြီ ၂၈ ရက်နေ့ နံနက်ပိုင်းက ငဝန်တာမိုင် (၅၉/၅) နှင့် (၅၉/၇) ကြား တာတုံးပြိုကျပျက်စီးသဖြင့် ------------
ကျွန်းလှမြို့နယ် အခြေခံပညာကျောင်းများတွင် ကျောင်းဆောင်သစ်များ ဆောက်လုပ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ် အခြေခံပညာ ကျောင်းများတွင်၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်ပြည်ထောင်စု ဘတ်ဂျက်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ကျောင်းဆောင်သစ်များ ဆောက်လုပ်လျှက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဥတ္တရသီရိမြို့နယ်တွင်  Faw ကားတစ်စီး တံတားအောက်သို့ပြုတ်ကျတိမ်းမှောက်
နေပြည်တော် ဥတ္တရသီရိမြို့နယ် နေပြည်တော်-ကံပြား-မကွေးလမ်း မိုင်တိုင်အမှတ် (၉)တွင်  မေလ ၁၂ ရက် ညနေ ၆ နာရီခွဲအချိန်က ရိစာများတင်ဆောင်လာသော  Faw ကားယာဉ်တစ်စီး အရှိန်မထိန်းနိုင်ဘဲ တံတားအောက်သို့ ပြုတ်ကျတိမ်းမှောက်ခဲ့သည်။
အင်းတော်မြို့နယ်တွင် ကျောက်တင်ယာဉ်တစ်စီး တိမ်းမှောက်ရာ လူလေးဦးသေဆုံး
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်တော်မြို့နယ် မိုးယူကျေးရွာအနီးတွင် ကျောက်တင်ယာဉ်တစ်စီး တိမ်းမှောက်ရာ ယာဉ်ပေါ်ပါအမျိုးသား(၄)ဦး သေဆုံးသွားကြောင်း သိရသည်။
နေ့စဉ်မိုးလေဝသသတင်း
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပါသည်။