ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်သည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာတော့မည့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး H.E.Mr. Hong Liang နှင့်အဖွဲ့အား ယနေ့မွန်းလွဲ (၁)နာရီတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
မြန်မာစာရေးဆရာကလပ်၏ အကြိုက်ဆုံးစာအုပ်ဆုနှင့် စာမူဆုချီးမြှင့် အကြိုက်ဆုံးစာအုပ်ဆုအဖြစ် “တဆတ်ဆတ်တုန်ခါနေသော ချောတိုင်တက်သူများ” နှင့် အခြားဝတ္တုတိုများစာအုပ်နှင့် စာမူဆုအဖြစ် “တောင်တန်းများ၏ မနက်ဖြန်”တို့ရရှိ
မြန်မာစာရေးဆရာကလပ်၏ (၂)နှစ်မြောက်အထိမ်းအမှတ် အကြိုက်ဆုံးစာအုပ် ဆု/ စာမူဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၁ နာရီက ရန်ကုန်မြို့ Orchid Hotel တွင် ကျင်းပခဲ့သည်။ 
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီးနှင့် ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီးတို့အား သီးခြားစီတွေ့ဆုံ 
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံဆိုင်ရာ ဒိန်းမတ်နိုင်ငံ သံအမတ်ကြီး H.E. Mr. John Nielsen နှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်နိုင်ငံ သံအမတ်ကြီး H.E. Mr. Tim Enderlin တို့အား ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ သီးခြားစီတွေ့ဆုံသည်။
e-Parliament စနစ် Hluttaw Intranet (SharePoint) မိတ်ဆက်ခြင်း အခမ်းအနားကျင်းပ
e-Parliament စနစ်Hluttaw Intranet (SharePoint) မိတ်ဆက်ခြင်း အခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် လွှတ်တော်ဝင်းရှိ သဘင်ဆောင်၌ ကျင်းပသည်။
မောင်တောမြို့နယ်၌ စီးကရက် ၄၇ ဖာ၊ ဘီယာ ၁၄ ဖာနှင့် ငါးဖမ်းပိုက် ၄၆၀ ခု သိမ်းဆည်းရမိ

၈ မေ 

အမျိုးသားစာကြည့်တိုက်(နေပြည်တော်) (၆)နှစ်ပြည့် အထိမ်းအမှတ်ပွဲတော်ကျင်းပမည်
အမျိုးသားစာကြည့်တိုက်(နေပြည်တော်)၏ (၆)နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ပွဲတော်ကို ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းမကြီး၊ ကုမုဒြာကြာပန်းအဝိုင်းအနီးရှိ အမျိုးသားစာကြည့်တိုက်(နေပြည်တော်)တွင် မေ ၁၀ ရက်မှ ၁၂ ရက်အထိ ပြုလုပ်မည်ဖြစ်သည်။ 
မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၏ (၂၉)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲအခမ်းအနားကျင်းပ
မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း၏ (၂၉)ကြိမ်မြောက် နှစ်ပတ်လည် အစည်းအဝေးဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၌ ကျင်းပသည်။