ဒေးဒရဲမြို့၌ ရေစီးရေလာကောင်းမွန်စေရေး ရေမြောင်းများ တူးဖော်

ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်၍ အမှတ်(၂)ရပ်ကွက်၊ ရုံးကြီးကွက်သစ်အတွင်းရှိ ပြည်သူများ သန့်ရှင်းသောရေ အသုံးပြုနိုင်ရေး၊ မိုးတွင်းကာလ၌ ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေး၊ ရေဆိုးများကြောင့် ခြင်များပေါက်ဖွားမှု လျော့နည်းစေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးတို့အတွက်  ရေမြောင်းများ တူးဖော်ခြင်းလုပ်ငန်းအား ယမန်နေ့ ညနေ ၃ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။   
ပုဗ္ဗသီရိမြို့နယ်တွင် ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ဆောင်ရွက်
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကုန်းလမ်းပို့ဆောင်ရေးဦးစီးဌာနမှ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှု ပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်၊ ပိုစတာကပ်ပေးခြင်းများကို ယနေ့နံနက် ၉ နာရီမှစတင်၍ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်ရှိ အဆိုပါဦးစီးဌာန သင်တန်းခန်းမ၌ကျင်းပသည်။
ဂန့်ဂေါမြို့နယ်တွင် ကျေးရွာနေပြည်သူများအား စိုက်ပျိုးရေးနည်းပညာများ အသိပညာပေးဆွေးနွေး

ဂန့်ဂေါ ၆ မေ

အင်းလေးနှင့် ပုဂံလူရည်ချွန်အပန်းဖြေစခန်းမှ ပြန်လည်ရောက်ရှိလာသော လူရည်ချွန် မောင်/မယ်များအား ရေနံချောင်းမြို့၌ လှိုက်လဲစွာကြိုဆို
မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ၂၀၁၉ ခုနှစ် လူရည်ချွန် မောင်/မယ် သုံးဦးသည် အင်းလေးနှင့် ပုဂံလူရည်ချွန်အပန်းဖြေစခန်းမှ ဒေသန္တရဗဟုသုများ သွားရောက်လေ့လာပြီး ယနေ့နံနက် ၇ နာရီက ရေနံချောင်းမြို့သို့ ပြန်လည်ရောက်ရှိရာ ကြိုဆိုဂုဏ်ပြုပွဲ အခမ်းအနားကို အ.ထ.က(၁)ကျောင်း နဝဒေးခန်းမ၌ ကျင်းပသည်။
(၃၅)ကြိမ်မြောက် ပအိုဝ်းစာပေဖြင့် သင်ကြားသော ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း ဟိုပုံးမြို့တွင်ဖွင့်လှစ်
ပအိုဝ်းစာပေပြန့်ပွားရေး ဗဟိုသံဃာအဖွဲ့မှ ကြီးမှူးကျင်းပဖွင့်လှစ်သော (၃၅)ကြိမ်မြောက် ပအိုဝ်းစာပေဖြင့် သင်ကြားသော ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းကို မေ ၆ ရက် နံနက် ၇ နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ နောင်တောင်းပရဟိတ တပ်ဦးကျောင်းတိုက်၌ ကျင်းပပြုလုပ်သည်။
ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှု ဒီးမော့ဆိုတွင် ဆောင်ရွက်လျက်ရှိ
၂၀၁၉ ခုနှစ် မေ ၆ ရက်မှ ၁၂ ရက်ထိ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ရက်သတ္တပတ် လှုပ်ရှားမှုအဖြစ် ဆောင်ရွက်လျက်ရှိရာ ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ်တွင် ဌာနဆိုင်ရာများ ပူးပေါင်း၍ ယနေ့ နံနက် ၉ နာရီက ဒီးမော့ဆိုမြို့မဈေး၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး လှုပ်ရှားမှုတစ်ရပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တတိယအကြိမ်မြောက် ဒေသဆိုင်ရာ ဧည့်လမ်းညွှန် အခြေခံ(သင်တန်း) ဘားအံမြို့တွင်ဖွင့်
ဒေသဆိုင်ရာ ဧည့်လမ်းညွှန်အခြေခံ(သင်တန်း) အမှတ်စဉ်(၄၄) သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲက ကရင်ပြည်နယ် ဘားအံမြို့ သီရိဘားအံဟိုတယ်တွင် ကျင်းပသည်။