ပြည်ထောင်စုဝန်ကြီးများ အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်း ဖွင့်ပွဲတက်ရောက်ဖွင့်လှစ်

၂၀၁၉ ခုနှစ် အင်းလေးခေါင်တိုင် လူရည်ချွန်အပန်းဖြေစခန်း ဖွင့်ပွဲအခမ်းအနားကို ခေါင်တိုင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ယနေ့ နံနက် ၈ နာရီတွင် ကျင်းပရာ ပြည်ထောင်စုဝန်ကြီးများ တက်ရောက်ဖွင့်လှစ်ပေးကြသည်။
အစာအိမ်နှင့် အူလမ်းကြောင်းရောဂါများ ကြိုတင်ကာကွယ်ခြင်းဟောပြောပွဲကျင်းပ

ရန်ကုန် ၁ မေ 
    

နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင် ဥတ္တရသီရိမြို့နယ်တွင်ပြုလုပ်သည့် မြစိမ်းရောင်(အသားကဏ္ဍ) ရန်ပုံငွေပေးအပ်ပွဲ  တက်ရောက်
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင်(အသားကဏ္ဍ) ရန်ပုံငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ဥတ္တရသီရိမြို့နယ် သရက်တောကျေးရွာရှိ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဌ ဒေါက်တာမျိုးအောင် တက်ရောက်သည်။
ပြွန်တန်ဆာမြို့တွင် ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှ ဒေသခံ ၂၅၀ ကျော်အား ကျန်းမာရေးအခမဲ့စစ်ဆေးပေးခြင်းနှင့် အသိပညာပေးဟောပြော
ဒေသခံပြည်သူများကျန်းမာရေး အသိပညာများတိုးပွား၍ မိမိကိုယ်ကို ကျန်းမာအောင်နေထိုင်တတ်စေရန် အတွက် အသိပညာပေးဟောပြောဆွေးနွေးခြင်းနှင့် ကျန်းမာရေးစမ်းသပ်စစ်ဆေးကုသခြင်းများကို ရွှေရောင်နှင်းဆီကင်ဆာဖောင်ဒေးရှင်းမှ အထူးကုဆရာဝန်ကြီးများအဖွဲ့က ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့သာသနသော ဘဏိကာရုံ(ပင်းတလဲ)ကျောင်းတိုက်၌ ယနေ့နံနက် ၇ နာရီမှ ညနေပိုင်းအထိ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အလုပ်သမားနေ့ အထိမ်းအမှတ် တာချီလိတ်ကုန်တင်ကုန်ချ လုပ်သားကြီးများမှ စုပေါင်းသန့်ရှင်းရေးနှင့် သွေးလှူဒါန်း 
မေလ(၁)ရက်နေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားနေ့အား ဂုဏ်ပြုသောအားဖြင့် တာချီလိတ် ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်၌ မြို့နယ်ကုန်တင်ကုန်ချကော်မတီမှ ကုန်တင်ကုန်ချလုပ်သားကြီးများစုပေါင်း၍ ယနေ့နံနက် ၆ နာရီက စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထီးလင်းမြို့နယ်တွင် ဆွမ်းအုပ်ဖြင့်ဆွမ်းပို့ကြသည့် ဓလေ့ရှိနေသော်လည်း ဆွမ်းအုပ် အခက်အခဲဖြစ်နေ
မြန်မာ့ရိုးရာ ယဉ်ကျေးမှုဓလေ့ဖြစ်သည့် ဆွမ်းအုပ်ဖြင့်ဆွမ်းပို့သည့်ဓလေ့ကို ယောနယ် ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်တွင် ယနေ့ထက်တိုင် တွေ့မြင်နိုင်သော်လည်း ဆွမ်းအုပ်ဖြင့် ဆွမ်းပို့သည့်ဓလေ့မှာ တဖြည်းဖြည်း လျော့နည်းလာလျက်ရှိကြောင်း ထီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
တောင်ကိုရီးယားကလပ် ပိုဟန်စတီးလားစ်အသင်းနှင့် မြန်မာအသင်းများ ခြေစမ်းမည်
တောင်ကိုရီးယားနိုင်ငံမှ နာမည်ကြီးကလပ် ပိုဟန်စတီးလားစ်အသင်းသည် မြန်မာနိုင်ငံသို့ လာရောက်၍ မြန်မာ လူငယ်အသင်း၊ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းတို့နှင့် ခြေစမ်းပွဲများ ကစားသွားမည်ဖြစ်သည်။