ရေစကြိုမြို့နယ် ခံစပ်တောကျေးရွာသို့ သောက်သုံးရေများလှူဒါန်း
ရေစကြိုမြို့ မြို့နယ်မီးသတ်စခန်းမှ တောင်ဦးကျေးရွာအုပ်စု ခံစပ်တောကျေးရွာရှိ စက်ရေတွင်းတွင် ရေစက်ပျက်နေ၍ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် ယမန်နေ့ နံနက် ၇ နာရီခွဲက သွားရောက်ဖြန့်ဝေ လှူဒါန်းခဲ့သည်။





