တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မော်စကိုမြို့ရှိ MIG - 29 Service Support Center သို့သွားရောက်ကြည့်ရှုလေ့လာ

မြောက်ဦးမြို့နယ်၊ ဘောင်းဒုတ်ကျေးရွာရှိ နယ်မြေခံတပ်ဌာနချုပ်အား AA အဖွဲ့က ကျေးရွာအတွင်းမှ နေရာယူ၍ လက်နက်ကြီး/လက်နက်ငယ်များဖြင့် နှောင့်ယှက်ပစ်ခတ်
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ဘောင်းဒုတ်ကျေးရွာရှိ နယ်မြေခံတပ်ဌာနချုပ်အား ဧပြီ ၂၄ ရက် ညပိုင်းတွင် AA အဖွဲ့က ကျေးရွာအတွင်းနှင့် ရန်ကုန်-စစ်တွေ ကားလမ်းမပေါ်မှ နေရာယူ၍ လက်နက်ကြီး/လက်နက်ငယ်များဖြင့် လာရောက် နှောင့်ယှက်ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
မြဝတီမြို့၌ လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ
လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။
လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာကာ ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဖြစ်ရောက်ရှိနိုင်
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပြီး ပိုမိုအားကောင်းလာကာ နောက်(၂၄)နာရီအတွင်း မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
စစ်တွေမြို့နယ် ကံပြင်ရွာသစ်ကျေးရွာ၌ သောက်သုံးရေးများလှူဒါန်း

မန္တလေးတိုင်းဒေသကြီးအတွင်း စီးပွားရေးသတင်းအချက်အလက်များ လက်လှမ်းမှီစွာရရှိရေး၊ စုံလင်ကွဲပြားမှုများနှင့် မီဒီယာဖိုရမ်ကျင်းပ
မန္တလေးတိုင်းဒေသကြီးအတွင်း သတင်းအချက်အလက် လက်လှမ်းမှီစွာ ရရှိနိုင်ရေး၊ စုံလင်ကွဲပြားမှုများနှင့် မီဒီယာ ဖိုရမ်တို့ကို ဧပြီလ ၂၄ရက်နေ့ နှင့် ၂၅ရက်က မန္တလေးမြို့ Sakura Princess ဟိုတယ်တွင် ကျင်းပခဲ့သည်။