မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းနှင့် ကိုယ်စားလှယ်အဖွဲ့ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ ဝါးစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုများအားသွားရောက် လေ့လာ

မြန်မာနိုင်ငံကြိမ်နှင့်ဝါးလုပ်ငန်းရှင်များအသင်းမှ ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ဝါးစက်မှုလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများ၊ ဝါးသုတေသနနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဝါးနှင့်သက်ဆိုင်သော မူဝါဒများ နှင့် နည်းဗျူဟာစီမံကိန်းရေးဆွဲခြင်းများကို သိရှိလေ့လာနိုင်ရန်အတွက် ယနေ့ညနေ ၅ နာရီက ရန်ကုန်မြို့မှ ဟောင်ကောင်သို့ ထွက်ခွာသွား ကြောင်းသိရသည်။
မြန်မာ ယူ-၁၈ အသင်း ပြန်လည်လေ့ကျင့်
ဟောင်ကောင် ယူ-၁၈ ဖိတ်ခေါ်ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် မြန်မာ ယူ-၁၈ အသင်းသည် ယနေ့နံနက်ပိုင်းမှစ၍ ပြန်လည်လေ့ကျင့်လျက်ရှိသည်။ မြန်မာ ယူ-၁၈ အသင်းသည် ကစားသမား ၂၉ ဦးဖြင့် လေ့ကျင့်ပြင်ဆင်နေခြင်းဖြစ်ပြီး ၂၀၁၉ ရာသီ MNL ယူ-၂၁ အမှတ်ပေးပြိုင်ပွဲ ပထမအကျော့ လက်ကျန်ပွဲများ ယှဉ်ပြိုင်ရန်ရှိသောကြောင့် လေ့ကျင့်မှုမရပ်နားဘဲ လေ့ကျင့်ပြင်ဆင်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတစ်ဝန်းတီဘီရောဂါဖြစ်ပွားမှုစစ်တမ်း (၂၀၁၇-၂၀၁၈) အသိပေးဆွေးနွေးပွဲကျင်းပ
“နိုင်ငံတစ်ဝန်းတီဘီရောဂါဖြစ်ပွားမှုစစ်တမ်း (၂၀၁၇-၂၀၁၈) (Nationwide TB Prevalence Survey) အသိပေးဆွေးနွေးပွဲ”ကို ယနေ့၊ နံနက်ပိုင်းတွင် နေပြည်တော်ရှိ Hotel Max ၌ ကျင်းပသည်။
Yangon ICT Fair (May-2019) ပြပွဲ ကျင်းပမည်
ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်းတို့ ပူးပေါင်းကျင်းပမည့် Yangon ICT Fair (May-2019) ပြပွဲကို မေလ ၃ ရက်နေ့မှ ၅ ရက်နေ့ အထိ ရန်ကုန်မြို့ ဦးဝိစာရလမ်းရှိ တပ်မတော်ခန်းမတွင် ခင်းကျင်းပြသမည်ဖြစ်ကြောင်း သိရသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် တိုင်းဒေသကြီး/ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၁၉)ကျင်းပ
ပြည်ထောင်စုစာရင်းစစ်ချုပ်နှင့် တိုင်းဒေသကြီး/ ပြည်နယ်စာရင်းစစ်ချုပ်များ၏ လုပ်ငန်းညှိနှိုင်း အစည်း အဝေး(၁/၂၀၁၉) ကို ယနေ့နံနက်ပိုင်းက  ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးစုပေါင်းခန်းမ၌ ကျင်းပသည်။
ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင် ထားဝယ်အထူးစီးပွားရေးဇုန် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး
ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ အတွင်းရေးမှူး ဒေါက်တာတင်ထူးနိုင်နှင့် စီမံ ခန့်ခွဲမှု ကော်မတီဝင်များသည် ယမန်နေ့ မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်အထူးစီးပွားရေးဇုန် မြန်မာ-ထိုင်းနယ်စပ် ထီးခီးသို့ ထိုင်းနိုင်ငံ NEDA မှ ချေးငွေ ရယူကာ အဆင့်မြှင့်တင်ဖောက်လုပ်မည့် (၂)လမ်းသွားကတ္တရာကားလမ်း တည်ဆောက်ရေးအတွက် လေ့လာဆန်းစစ်နေမှု အခြေအနေများအား သွားရောက် ကြည့်ရှုစစ်ဆေးသည်။
အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲတွင် မြန်မာနှင့် ဥဇဘက်ကစ္စတန်အသင်း စတင်တွေ့ဆုံ
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ၂၀၁၉ အာရှ ယူ-၁၉ အမျိုးသမီးခြေစစ်ပွဲ အုပ်စုပွဲစဉ်များကို ဧပြီ ၂၆ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး အိမ်ရှင်မြန်မာအသင်းသည် ဥဇဘက်ကစ္စတန်အသင်းနှင့် စတင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။