မြို့ကြီးရေလှောင်တမံမှ ၂၀၁၉ ခုနှစ် နွေစပါးနှင့် နွေသီးနှံ စိုက်ပျိုးဧကများအတွက် ရေလုံလောက်စွာ ပေးဝေ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်းရှိ ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်တို့တွင် ၂၀၁၉ ခုနှစ် နွေစပါးနှင့် နွေသီးနှံ စိုက်ပျိုးဧကများ အောင်မြင်ဖြစ်ထွန်းရန်အတွက်
AFC Cup ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက်အသင်း အိမ်ကွင်း၌ ရှုံးနိမ့်
၂၀၁၉ ရာသီ AFC Cup ပြိုင်ပွဲ အုပ်စု (G) တတိယနေ့အဖြစ် မြန်မာကလပ် ရှမ်းယူနိုက်တက်အသင်းနှင့် ဗီယက်နမ်ကလပ် ဘင်ဒေါင်းအသင်းတို့ ယနေ့ ညနေပိုင်းက သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ ရှမ်းယူနိုက်တက်အသင်းမှာ ဘင်ဒေါင်းအသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းဥပဒေများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ
ပြည်ထောင်စုရှေ့နေချုပ်ရုံးနှင့် အမေရိကန်နိုင်ငံအခြေစိုက် Duane Morris & Selvam LLP တို့ပူးပေါင်း၍ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်း ဥပဒေများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို
ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို မြန်မာနိုင်ငံဆိုင်ရာ ဩစတေးလျနိုင်ငံ သံအမတ်ကြီး H.E. Ms. Andrea Faulkner နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုသည် မြန်မာနိုင်ငံဆိုင်ရာ ဩစတြေးလျနိုင်ငံ သံအမတ်ကြီး H.E. Ms.Andrea Faulkner နှင့်အဖွဲ့အား ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး နော်ဝေနိုင်ငံ သံအမတ်ကြီးနှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ်ကို သီးခြားစီတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေနိုင်ငံ သံအမတ်ကြီး H.E. Ms. Tone Tinnes နှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများအသင်းချုပ် အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးညွန့်အောင်နှင့် အဖွဲ့တို့ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးရုံး၌ သီးခြားစီတွေ့ဆုံသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ် ရန်ကုန်တိုင်းဒေသကြီးအသင်း အနိုင်ရရှိ
၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ်
စိုက်ပျိုးရေးသိပ္ပံများ ဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးကောလိပ် ဖွင့်လှစ်သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များ ဆွေးနွေး
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် ယနေ့ နံနက်ပိုင်းက နယ်သာလန်နိုင်ငံ AERES Group မှ Mr. Ariede. Jong ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ရုံးအမှတ် ၁၅ အစည်းအဝေးခန်းမ၌ တွေ့ဆုံ၍ စိုက်ပျိုးရေးသိပ္ပံများ ဖွံ့ဖြိုးရေးနှင့် စိုက်ပျိုးရေးကောလိပ် ဖွင့်လှစ်သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များဆွေးနွေးကြသည်။