ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု တောင်ကုတ်မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုသည် ပြည်နယ်ဝန်ကြီး ဦးအောင်ကျော်ဇံနှင့် ဦးဝင်းမြင့်၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် တောင်ကုတ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ သွားရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံကာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် လိုအပ်ချက်များနှင့် အခက်အခဲများကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့အတွင်း  တရားမဝင်သစ်များ ဖမ်းဆီးရမိ
သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၂၉ ရက်မှ ၃၁ ရက်အထိ မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ .......
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကျင်းပ
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၏ နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ကြိုးတံတားများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေတို့ကို ကြည့်ရှုစစ်ဆေး
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့ နံနက်ပိုင်းတွင် ပုသိမ် - ကံကုန်း - မြင်းကဆိပ် - မြောင်းမြလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကွန်ကရစ်ခင်းရာတွင် အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီစေရေး အထူးအလေးထား ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
၂၀၂၀ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲ ပွဲစဉ်များ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်မည်
၂၀၂၀ အိုလံပစ်အမျိုးသမီးဘောလုံးပြိုင်ပွဲ ဒုတိယအဆင့်ခြေစစ်ပွဲအုပ်စု(က) ပွဲစဉ်များအား မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် မန္တလေးမြို့ရှိ မန္တလာသီရိဘောလုံးကွင်းနှင့် ဗထူးကွင်းတို့တွင် လက်ခံကျင်းပသွားမည်ဖြစ်သည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း မြန်မာနိုင်ငံဆိုင်ရာ UN Women ၏ ဌာနေကိုယ်စားလှယ်အား လက်ခံတွေ့ဆုံ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းသည် မြန်မာနိုင်ငံဆိုင်ရာ UN Women ၏ ဌာနေကိုယ်စားလှယ် Mr. Nicolas Burniat နှင့်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရုံး၊ ဧည့်တွေ့ခန်းမဆောင်၌ လက်ခံတွေ့ ဆုံသည်။
တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ် တိုက်ရိုက်ထုတ်လွှင့်မည်
၂၀၁၉ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက်(၂၅)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် ကရင်ပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အသင်းတို့ ဧပြီ(၃)ရက် ညနေ (၄)နာရီ်တွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။