Dog Shelter တည်ဆောက်ရေးနှင့် ခွေးလေခွေးလွင့်များ တိုးပွားမှုမရှိစေရေး မျိုးထိန်းစနစ်ဆောင်ရွက်မည့် အစီအမံနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ
နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ တိရစ္ဆာန်ဆေးကုနှင့် သားသတ်ရုံများဌာန၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် ဆောင်ရွက်မည့် Dog Shelter တည်ဆောက်ရေးနှင့် ခွေးလေခွေးလွင့်များ တိုးပွားမှု မရှိစေရေး မျိုးထိန်းစနစ်ဆောင်ရွက်မည့် အစီအမံနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာ(၂)၌ ကျင်းပသည်။






