သာကေတမြို့နယ်၊ အာဒိကာရုံအနောက်တိုက် သာသနာ့ဝုဎိကာရီ မဟာသိမ်တော်ကြီး ရေစက်သွန်းချ မဟာသဘင် အခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ အာဒိကာရုံအနောက်တိုက် သာသနာ့ ဝုဎိကာရီ မဟာသိမ်တော်ကြီးမုခ်ဦးဖွင့်ပွဲ၊ မော်ကွန်းကျောက်စာတိုက်ဖွင့်ပွဲနှင့် သိမ်တော် ကြီး ရေစက်သွန်းချ မဟာသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက အဆိုပါ သိမ်တော်ကြီးတွင် ကျင်းပရာ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်သည်။






