တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေမှုများ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး လှည့်လည်ကြည့်ရှု

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာ ဖြေဆိုနေမှုများကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် တပ်ကုန်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာန၌ ဖြေဆိုမှုများကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး လှည့်လည်ကြည့်ရှုအားပေးသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် မြန်မာနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီးတို့ တွေ့ဆုံ
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းမြင့်နှင့် ဗန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး H.E. Mr. Mohsen Mohammadi တို့သည် ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံကြသည်။ 
ရုရှားကော်ဖီပညာရှင်များနှင့် ဟိုပုံးဒေသရှိ ကော်ဖီစိုက်တောင်သူများ တွေ့ဆုံ
မြန်မာနိုင်ငံကော်ဖီအသင်း (MCA) နှင့် ဟိုပုံးကော်ဖီအစုအဖွဲ့ (Hopone  Cluster) တို့ ပူးပေါင်း၍ ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် Kafema Coffee Company (Russia) မှ ကော်ဖီပညာရှင်များဖြစ်သည့် Eugene Schukin နှင့် Ekaterina Koper တို့သည် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ကော်ဖီစိုက်တောင်သူများနှင့် အတွေ့အကြုံ၊ နှီးနှောဖလှယ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ဟိုပုံးမြို့၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခန်းမ၌ ကျင်းပပြုလုပ်ရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်က အဖွင့်အမှာစကား ပြောကြားသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး (၃/၂၀၁၉) ကျင်းပ
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀ဝ၈ ခုနှစ်) ပြင်ဆင်ရေး ပူးပေါင်းကော်မတီအစည်းအဝေး (၃/၂၀၁၉)ကို ယနေ့မွန်းလွဲ ၁ နာရီတွင် ပြည်ထောင်စု လွှတ်တော် D ဆောင် ဒုတိယထပ် အစည်းအဝေးခန်းမ၌ ကျင်းပသည်။
မြို့နယ်အချို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
မူးယစ်တပ်ဖွဲ့စု(၆) ကသာမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မတ် ၆ ရက် ညနေ ၆ နာရီက ကသာမြို့နယ်၊ ကသာ-အင်းတော်ကားလမ်း၊
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး BRAC International နှင့် The Freedom Fund မှ ကိုယ်စားလှယ်များအား သီးခြားစီတွေ့ဆုံ
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် BRAC International မှ Executive Director Mr.Faruque Ahmed နှင့် The Freedom Fund  အဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် ဒေါက်တာအိကလျာမိုးတို့အား
တက္ကသိုလ်ဝင်စာမေးပွဲ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အင်္ဂလိပ်စာဘာသာဖြေဆိုသူ ၈၅၀၈၉၀ ရှိ
၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာ ဘာသာရပ်ကို ယနေ့ ဖြေဆိုကြသည်။