မန္တလေးမြို့တော်အတွင်း နေအိမ်များရှေ့ရှိ ရေမြောင်းကို ကျော်လွန်၍ လမ်းပလက်ဖောင်းများပေါ်တွင် ကျူးကျော်ဆောင်ရွက်ထားရှိမှုများအား မတ်လ ၁ ရက်မှစတင်၍ စီမံချက်ဖြင့် ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်းများကို မန္တလေးမြို့နယ် သုံးမြို့နယ်မှ စတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီဝင် ဦးကျော်ဇောအောင်က ပြောသည်။