ဥတ္တရသီရိမြို့နယ်အတွင်းရှိ ဆေးဆိုင်များနှင့်ကုန်စုံဆိုင်များသို့ ဆေးဝါးများနှင့်စားသောက်ကုန်များ စနစ်တကျ ရောင်းချမှု ရှိ/မရှိ စစ်ဆေး

နေပြည်တော် ဥတ္တရသီရိမြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများ အစားအသောက်များ စားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ ကျန်းမာရေးနှင့် စိတ်ကျေနပ်မှု ရှိစေရေးအတွက် ယနေ့နံနက် ၁၀ နာရီက ဥတ္တရခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှ ဥတ္တရသီရိရပ်ကွက် (ချင်းရွာ) အတွင်းရှိ ဆေးဆိုင်များနှင့် ကုန်စုံ ဆိုင်များသို့ သွားရောက် စစ်ဆေးခဲ့သည်။
ကျိုင်းတုံတက္ကသိုလ်အထူးပြုဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဆုချီးမြှင့်  
၂၀၁၈- ၂၀၁၉ ပညာသင်နှစ် ကျိုင်းတုံတက္ကသိုလ် အထူးပြုဘာသာရပ်ပေါင်းစုံအမျိုးသား/ အမျိုးသမီး ဘော်လီဘောအားကစားပြိုင်ပွဲဆုပေးပွဲနှင့် ပိတ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်းတွင် ခရိုင်အားကစားကွင်း မိုးလုံလေလုံခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့ ပွေးကျစ်-ပွဲခင်းကျေးရွာ ဂျင်းမြေသားအမာခံလမ်း ကိုယ့်အားကိုယ်ကိုးလမ်းဖောက်
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပွေးကျစ်ကျေးရွာအုပ်စု ပွေးကျစ်ရွာနှင့် မဲဒီးကျေးရွာအုပ်စု ပွဲခင်းကျေးရွာသွားလမ်း ဂျင်းမြေသားအမာခံလမ်း ဖောက်လုပ်ခြင်း အရှည် ၃ ဒဿမ ၅ မိုင် အကျယ် ၃၅ ပေကို ကိုယ့်အားကိုယ်ကိုးလမ်း ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။
မုံရွာမြို့၌ ဂျပန်-မြန်မာ ချစ်ကြည်ရေးကပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီနှင့် ဂျပန်နိုင်ငံ MANJUSHAKA နိုင်ငံတကာ ယဉ်ကျေးမှုဖလှယ်ရေး အကအဖွဲ့တို့ ပူးပေါင်းတင်ဆက်သော ဂျပန်-မြန်မာ ချစ်ကြည်ရေးကပွဲကို ဖေဖော်ဝါရီ ၂၅ ရက် ညနေ (၆)နာရီခွဲက မုံရွာမြို့ မြို့တော်ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
မုံရွာမြို့၌ အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းပြုစုခြင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းခြင်း မြှင့်တင်ရေးဆိုင်ရာ သင်တန်း ဖွင့်လှစ်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ မြို့တော်ခန်းမတွင် အမျိုးသား ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်စာရင်း ပြုစုခြင်းနှင့် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ထိန်းသိမ်းခြင်း မြှင့်တင်ရေးဆိုင်ရာ သင်တန်း(၁/၂၀၁၉) ဖွင့်ပွဲကို ------------
မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်မှ ကျေးရွာအဆင့်ပြည်သူများနှင့် တွေ့ဆုံပြီး စီမံချက် လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် ဝင်းစိန်ကျေးရွာ၊ ဒိုင်းပြကျေးရွာရှိ အမျိုးသမီးရေးရာအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၂၅ ရက်က အဆိုပါ ကျေးရွာများ၌ ကျင်းပခဲ့သည်။
ဘန့်ဘွေးကျင်း ရေတံခွန်ကို ပြည်ပခရီးသွားများ လာရောက် လည်ပတ်နိုင်ရန် ခရီးစဉ် ဒေသသစ်အဖြစ် ဖော်ထုတ်ရန် စီစဉ်
နောင်ချိုမြို့နယ် အတွင်းရှိ ဘန့်ဘွေးကျင်း ရေတံခွန်ကို ပြည်ပ ခရီးသွားများ လာရောက် လည်ပတ်နိုင်ရန် ခရီးစဉ် ဒေသသစ်အဖြစ် ဖော်ထုတ်ရန် စီစဉ်နေကြောင်း -------