အောင်ပန်းမြို့တွင် လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားပြီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်၊ အောင်ပန်းမြို့ ရပ်ကွက်(၃) ပြင်သာလမ်းတွင် ဖေဖော်ဝါရီ ၂၃ ရက် ည ၉ နာရီခန့်က  လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ သိရသည်။
ခန္တီးမြို့တွင် ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ဦးစီးကျင်းပသော ငလျင်ဘေးသဏ္ဌာန်တူ ဇာတ်တိုက်လေ့ကျင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁ဝ နာရီက ခန္တီးမြို့နယ် ပြည်သူ့အားကစားခန်းမတွင် ကျင်းပသည်။
ပေါက်မြို့နယ်၌ ကြက်သွန်နီမျိုးနှံဥ စိုက်ခင်းများ ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုး
ပေါက်မြို့နယ်တွင် ကြက်သွန်နီစိုက် တောင်သူများ ကြက်သွန်မျိုးစေ့ ရရှိစေရေးအတွက် ကြက်သွန်နီမျိုးနှံဥ စိုက်ခင်းများ ယခင်နှစ်ကထက် ပိုမိုစိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
ပေါင်းလောင်း ရေအားလျှပ်စစ်ဝန်းအတွင်း မီးလောင်မှုဖြစ်ပွား
နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပေါင်းလောင်း ရေအားလျှပ်စစ်ဝန်းအတွင်း ယနေ့ နံနက် ၃ နာရီက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ပြည်သူလူထု အကျိုးရှိ အကျိုးဖြစ်ထွန်းသည့် ဥပဒေများ ပြဋ္ဌာန်းနိုင်ရန် ဆောင်ရွက်နေကြောင်း မကွေးတိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း ပြောကြား
ပထမအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်၌ ဥပဒေ (၃၀)ခု၊ နည်းဥပဒေ(၅)ခု အတည်ပြုပြဋ္ဌာန်းခဲ့ပြီး အစိုးရသစ်လက်ထက် သုံးနှစ်တာကာလအတွင်း ဒုတိယအကြိမ် မကွေးတိုင်းဒေသကြီးလွှတ်တော်မှ ဥပဒေ (၁၇)ခု၊ နည်းဥပဒေ (၆)ခု ပြဋ္ဌာန်းခဲ့ကာ ဆွေးနွေးဆဲဥပဒေ (၂)ခု၊ ဆောင်ရွက်ဆဲ နည်းဥပဒေ (၂)ခုရှိကြောင်း မကွေးတိုင်းဒေသကြီး လွှတ်တော်မှ သိရသည်။
ထန်းတက်သူနည်းလာ၍ ထန်းကုလားထိုင်များ ဈေးတက်
ထန်းတက်သူနည်းလာခြင်းကြောင့် ထန်းပက်လက် ကုလားထိုင်များ ဈေးတက်လာကြောင်း မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့ ရှမ်းတဲကျေးရွာရှိ ထန်းကုလားထိုင် ပြုလုပ်ရောင်းချသူများထံမှ သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်အတွင်း ကျေးရွာ(၉)ရွာ၌ သောက်သုံးရေရရှိရေး ဆောင်ရွက်နေ
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်ရှိ ကျေးရွာ (၁၀)ရွာ၌ နွေရာသီ သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  အဝီစိစက်ရေတွင်း (၉)တွင်း တူးဖော်လျက်ရှိရာ ယခုအခါ စက်ရေတွင်း (၃)တွင်း တူးဖော်ပြီးစီး၍ စင်မြင့်ရေစင်၊ ရေစက်ရုံ တည်ဆောက်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။