အများအားဖြင့် သာယာမည်

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်နေ့ မွန်းလွဲ (၂:ဝ၀)နာရီအချိန် မိုးဇလမှ ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်း နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် အများအားဖြင့် သာယာနေပါသည်။
မြင်းမူမြို့တွင် လောင်စာဆီ သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွား 
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ မြစ်ပေါက်ကျေးရွာအုပ်စု၊ မြစ်ပေါက်ကျေးရွာ ဧရာဝတီမြစ်ကမ်းဘေးတွင် ဆိုက်ကပ်ထားသော-------
(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို နေပြည်တော်ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ကံသာကျေးရွာတွင် ကျင်းပ
(၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကို ယမန်နေ့ ညနေ(၆)နာရီက နေပြည်တော် ကောင်စီနယ်မြေ လယ်ဝေးမြို့နယ် ကံသာကျေးရွာ၌ကျင်းပသည်။
သီတဂူအဘိဓဇစေတီတော် ထီးတော်တင်မင်္ဂလာအခမ်းအနား ကျင်းပ 
စစ်ကိုင်းတောင်းရို၊သီတဂူအပြည်ပြည်ဆိုင်ရာ ဝိပဿနာ အကယ်ဒမီအအတွင်းရှိ ဉာဏ်တော် (၃၇)ပေ အမြင့်ရှိ သီတဂူအဘိဓဇစေတီတော်၏ ထီးတော်တင်မင်္ဂလာအခမ်းအနားကို ဖေဖော်ဝါရီ ၂၀ ရက်နေ့ နံနက်ပိုင်းအချိန်က ကျင်းပခဲ့ကြောင်း  မြန်မာမှု ဗသုကာပညာရှင် တမ္ပဝတီ ဦးဝင်းမောင်က ပြောသည်။
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး(ဒုတိယနေ့) ဆက်လက် ကျင်းပ
ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (ဒုတိယနေ့)ကို ယနေ့ နံနက် ၁၀ နာရီက မော်လမြိုင်မြို့ ပြည်နယ်လွှတ်တော်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။ 
ကွမ်းလုံ၌ တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများ ဖမ်းဆီးရမိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွမ်းလုံမြို့နယ် တရားမဝင်ကုန်သွယ်မှုများ တားဆီးအရေးယူရေး အထူးအဖွဲ့မှ ချင်းရွှေဟော် - ကွမ်းလုံ ပြည်ထောင်စုလမ်းမပေါ်၌ ---------
ပါမောက္ခချုပ်ဆရာတော် ကျန်းမာရေးအခြေအနေကြောင့် တရားဟောခြင်း သုံးလ ရပ်ဆိုင်းထား
အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ် ပါမောက္ခချုပ်၊ မဟာသုဗောဓာရုံ ကျောင်းတိုက်ကြီးများ၏ နာယက ပါမောက္ခချုပ်ဆရာတော် ဒေါက်တာအရှင် နန္ဒမာလာဘိဝံသ(Ph.D)အရှင်သူမြတ်သည် ကျန်းမာရေးအခြေအနေကြောင့်  တရားဟောခြင်း အချိန် သုံးလ ရပ်ဆိုင်းမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၉ ရက်နေ့ က ထုတ်ပြန်ခဲ့သည်။