မင်းလှမြို့နယ်အတွင်း ပိုင်ရှင်မဲ့သစ်များ သိမ်းဆည်းရမိ

မင်းလှမြို့နယ်အတွင်း  တစ်တန်လျှင် ဒေသပေါက်ဈေး ငွေကျပ်သုံးသိန်းတန်ဖိုးရှိ ပိုင်ရှင်မဲ့သစ်များ သိမ်းဆည်းရမိခဲ့ကြောင်း မကွေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။
မြင်းခြံမြို့နယ်တွင် လင်မယားချင်းစကားများခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ မကျေမနပ်ဖြစ်ကာ ခင်ပွန်းဖြစ်သူမှ နေအိမ်မီးရှို့မှုဖြစ်ပွား
ဖေဖော်ဝါရီ ၁၈ ရက်က မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ အမှတ်(၅) ရပ်ကွက်တွင် လင်မယားချင်း စကားများရန်ဖြစ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ ခင်ပွန်းဖြစ်သူမှ မကျေမနပ်ဖြစ်ကာ နေအိမ်မီးရှို့မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့(FAO)၏ အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ဌာနေကိုယ်စားလှယ်နှင့်တွေ့ဆုံ
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူသည် ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) လက်ထောက်ညွှန်ကြားရေးမှူးချုပ်နှင့် အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးဖြစ်သူ Ms.Kundhavi Kadiresan အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ တွေ့ဆုံသည်။ 
နိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)တို့ ပူးပေါင်းဆောင်ရွက်မည့် နိုင်ငံဆိုင်ရာ အစီအစဉ်မူဘောင် လက်မှတ်ရေးထိုးပွဲကျင်းပ
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရနှင့် ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)တို့ ပူးပေါင်းဆောင်ရွက်မည့် နိုင်ငံဆိုင်ရာ အစီအစဉ်မူဘောင် (Country Programming Framework-CPF)  လက်မှတ်ရေးထိုးပွဲကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ Kempinski Hotel ၌ကျင်းပသည်။
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင်ဥက္ကဋ္ဌ သူရဦးရွှေမန်း တရုတ်နိုင်ငံ သံအမတ်ကြီးအား လက်ခံတွေ့ဆုံ
ပြည်ထောင်စုလွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံး သပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး မစ္စတာဟုန်လျန်အား ယနေ့နံနက် ၁၀ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာ ဆောင်အမှတ် (I-11) ၌ လက်ခံတွေ့ဆုံသည်။
ရှေးဟောင်းသမိုင်းဝင် မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် မော်တင်စွန်းအငူတွင် တည်ထားကိုးကွယ်ထားသည့် ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင်မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါ စေတီတော်မြတ်ကြီးရှိရာ ကမ်းခြေတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။ 
၂၀၁၈ - ၂၀၁၉ မျိုးဆက်သစ်လူငယ် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပမည်
မြန်မာနိုင်ငံတွင် ထူးချွန်သော လူငယ်ဂေါက်သီး အားကစားသမားများ ထွက်ပေါ်လာရေးအတွက် မြန်မာနိုင်ငံ ဂေါက်သီးအဖွဲ့ချုပ်နှင့် Junior Golf Myanmar (JGM) မှ ကြီးမှူး၍ Jasmine Palace Hotel ၏ အဓိကပံ့ပိုးကူညီမှုဖြင့် အကြိမ် ၂၀ မြောက် Myanmar Junior Golf Tour 2019 (Jasmine Palace Cup) ပြိုင်ပွဲကို မတ် ၂ ရက်မှ ၃ ရက်အထိ ရန်ကုန်မြို့ရှိ မြို့တော်ဂေါက်ကွင်း - ရန်ကုန် (မြကန်သာ)၌ ကျင်းပသွားမည်ဖြစ်သည်။