ဘကြီးတော် စစ်ကိုင်းမင်း တည်ထားခဲ့သော မဟာဝိဇယရံသီ ပုထိုးတော်ကြီး မြတ်စွာဘုရားအား ရွှေထီးတော် အသစ်တင်လှူပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့ မဟာဝိဇယရံသီ ပုထိုးတော်ကြီး မြတ်စွာဘုရား အထက်ဌာပနာ ထည့်သွင်းပူဇော်ခြင်း၊ ပန်းလည်တိုင် စိုက်ထူခြင်း ရွှေထီးတော်အသစ် ဘုံ ၉ ဆင့် တင်လှူခြင်း အခမ်းအနားကို ယနေ့ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။