မင်းဘူးမြို့အား ခရိုင်မြို့အဆင့်နှင့်ညီရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် (၃၄၇ ဒသမ ၇၃)သန်း၊ စကုမြို့အား မြို့အဆင့်နှင့်ညီရန် ငွေကျပ် (၈၈ ဒသမ ၂) သန်း လျာထားဆောင်ရွက်ထားရှိ

မင်းဘူးမြို့အား ခရိုင်မြို့အဆင့်နှင့်ညီရန် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် (၃၄၇ ဒသမ ၇၃)သန်း လျာထား ဆောင်ရွက်ထားရှိပြီး စကုမြို့အား မြို့အဆင့်နှင့်ညီစေရန် ငွေကျပ် (၈၈ ဒသမ ၂)သန်း လျာထား ဆောင်ရွက်ထားရှိကာ ပွင့်ဖြူမြို့အား မြို့အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေးအတွက် ဘဏ္ဍာရေးနှစ်အလိုက် ခွဲဝေရရှိသည့် ရန်ပုံငွေအပေါ် မူတည်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်ကောင်စီဝင် ဦးညီထွန်းက ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောသည်။
၀င်းနိုင်ထွန်း၏ ပယ်နယ်တီဂိုးဖြင့် မြန်မာ ယူ-၂၂ အသင်း အနိုင်ရ
၂၀၁၉ အာဆီယံ ယူ-၂၂ ပြိုင်ပွဲယှဉ်ပြိုင်မည့် မြန်မာ ယူ-၂၂ အသင်းနှင့် MNL ကလပ် ဧရာဝတီအသင်းတို့ ခြေစမ်းပွဲကို
၂၀၂၀ အိုလံပစ် အမျိုးသမီးဘောလုံး ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုများထွက်ပေါ်
အာရှဘောလုံးအဖွဲ့ချုပ်သည် ၂၀၂၀ တိုကျိုအိုလံပစ် အမျိုးသမီးဘောလုံး ဒုတိယအဆင့် ခြေစစ်ပွဲအုပ်စုများကို
ဖလမ်းမြို့ရှိ မြေပြိုမှုကြောင့် ဖြိုဖျက်ခဲ့ရသည့် နေအိမ်(၄)လုံး ပြန်လည်တည်ဆောက်နိုင်ရေး ချင်းပြည်နယ်အစိုးရအဖွဲ့မှ လျာထားဆောင်ရွက်လျက်ရှိ
ဖလမ်းမြို့ ဗိုလ်ချုပ်လမ်းပေါ်ရှိ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုမှုကြောင့် ဖြိုဖျက်ခဲ့ရသည့် နေအိမ်(၄)လုံး ပြန်လည်တည်ဆောက်နိုင်ရေး ချင်းပြည်နယ် အစိုးရအဖွဲ့မှ လျာထားဆောင်ရွက်လျက်ရှိကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင်က ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ပြောသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးရွာနိုင်
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ည ၇ နာရီ ထုတ်ပြန်ချက်အရ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်နှင့် ဒေါက်တာမျိုးသိမ်းကြီး လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ကြည့်ရှုအားပေး
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် အခမ်းအနားကို
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ် စာတမ်းဖတ်ပွဲ၊ ပြပွဲ၊ ပြိုင်ပွဲ၊ ဖျော်ဖြေပွဲများ ရန်ကုန်မြို့ သခင်မြပန်းခြံ၌ စည်ကားစွာကျင်းပ
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့ အထိမ်းအမှတ် စာတမ်းဖတ်ပွဲများ၊ ပြပွဲ၊ ပြိုင်ပွဲများ၊ ဖျော်ဖြေပွဲများကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ သခင်မြပန်းခြံတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။