စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း ၈၀ ဖြစ်ပါသည်။ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
ထူးခြားမြစ်ရေအခြေအနေ

နေ့စဉ်မြစ်ရေခန့်မှန်းချက်များ

ပေါင်မြို့နယ်၌ သထုံခရိုင်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ အခမဲ့ကွင်းဆင်းကုသ
မွန်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှု၊ မွန်ပြည်နယ် ကုသရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် သထုံခရိုင် ပြည်သူ့ဆေးရုံ၊ သထုံခရိုင် ကျန်းမာရေးဦးစီးဌာနနှင့် ပေါင်မြို့နယ် ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော သထုံခရိုင်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်ကြီးများ အခမဲ့ ကွင်းဆင်းဆေးကုသမှုကို ဧပြီ ၂ ရက် နံနက်ပိုင်းက သဲကုန်းတိုက်နယ်ပြည်သူ့ဆေးရုံ၌ ပြုလုပ်ခဲ့ကြသည်။
မြစ်ကြီးနားမြို့၊ မော်ဖောင်းနယ်မြေ(၈) ခေတ်မီစံပြကျေးရွာ စာကြည့်တိုက်အတွက် သုတ/ရသ စာအုပ်စာစောင်အသစ်များ လှူဒါန်း

ကျိုက်မရောမြို့နယ် ကလိုင်းကနိုင်ကျေးရွာ ဒေသထွက်ဒူးရင်းသီးများ စတင်ထွက်ရှိ၊ ခြံရှင်များ စျေးကောင်းရရန် မျှော်လင့်
မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်အတွင်း အစောဆုံးဒူးရင်းသီးများ ထွက်ရှိသည့် ကလိုင်းကနိုင် ကျေးရွာ၌ ယိုးဒယားဒူးရင်းသီးမျိုးများ စတင်ထွက်ရှိနေပြီးဖြစ်ရာ ဒူးရင်းခြံရှင်များအနေဖြင့် ပေါ်ဦး ပေါ်ဖျား  စျေးကောင်းရရန် မျှော်လင့်နေ​ကြပြီး လူကြိုက်များသည့် ယိုးဒယားကိုင်းဆက်မျိုးဖြစ်၍ လူကြိုက်များ၍ ဝယ်လိုအားလည်းများသဖြင့် စိုက်ပျိုးသူများအဆင်ပြေလျက်ရှိသည်။