တောင်ငူမြို့နယ်၌ နွေစပါးဧက ၁၉၂၇၂ စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ်၌ နွေစပါးစိုက်ပျိုးခြင်း စွမ်းအားတိုးတက်မြင့်မားရေးအတွက် နွေစပါးစိုက်ပျိုးခြင်းကို ဆည်ရေ၊ လျှပ်စစ်ရေတင်စနစ်၊ ရေစုပ်စက်စနစ်နှင့် မြေအောက်ရေစနစ်တို့ဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုနှစ် နွေစပါးဧက ၁၉၂၇၂ စိုက်ပျိုးရန်လျာထားပြီး မတ်လအတွင်း ဧက ၉၀၀၀ ကျော်စိုက်ပျိုးပြီးစီးကြောင်းနှင့် လျာထားစိုက်ဧကများ အားလုံးပြီးစီးအောင် ရည်မှန်းဆောင်ရွက်လျက်ရှိကြောင်း၊ စပါးအထွက်နှုန်းကောင်းမွန်သည့် ရက် ၉၀၊ နှံကောက်၊ ဆင်းသုခ စပါးမျိုးများစိုက်ပျိုးရန်လျာထားပြီး စိုက်ပျိုးနည်းစနစ်အရ ကောက်စိုက်စက်၊ မျိုးစေ့ချကိရိယာ၊ ပျိုးထောင်စိုက်ပျိုးနည်း စနစ်များဖြင့် စိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကျိုင်းတုံမြို့နှင့် ကျိုင်းတုံ-မိုင်းဖြတ်ကားလမ်းတစ်လျှောက် ဒေသထွက် စတော်ဘယ်ရီသီးများ လှိုင်လှိုင်ပေါ်ကာ ဈေးကောင်းရလျက်ရှိ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ် တောင်ပေါ်ဒေသနှင့် မြေပြန့်ဒေသများရှိ ဒေသခံ တိုင်းရင်းသားများ စိုက်ပျိုးထားသည့် စတော်ဘယ်ရီသီးများ လှိုင်လှိုင်ပေါ်၍ ကျိုင်းတုံမြို့နှင့် ကျိုင်းတုံ-မိုင်းဖြတ် ပြည်ထောင်စုကားလမ်းမကြီး ဘေးဘယ်ညာတစ်လျှောက် ရောင်းချလျက်ရှိရာ ဈေးကောင်းရလျက်ရှိကြောင်း သိရသည်။
ပင်လယ်ပြင်ခရီးအတွက် မိုးလေ၀သခန့်မှန်းချက်
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းနှင့် တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
မနက်ပိုင်းရွှေဈေး

ကချင်ပြည်နယ်တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်သည်

စကိုင်းဝေါ့ကာ မျောက်လွှဲကျော်မျိုးစိတ်ထိန်းသိမ်းရေးအတွက် မျှော်လင့်ချက်ရောင်ခြည်သစ်များ  

 

ကော်ဖီဥယျာဉ်ဝယ် လည်ကာပတ်ရင်း ကော်ဖီရနံ့နဲ့ အပန်းဖြေမယ်