သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန (၁၆) ကြိမ်မြောက် မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကျင်းပ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂

ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် သုတေသနလုပ်ငန်းများ၊ မျိုးစေ့ထုတ်လုပ်ငန်းများကို စစ်ဆေးကြည့်ရှု

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂

မင်းဘူးခရိုင်ပြည်သူ့ဆေးရုံကြီး၌ သုံးမြွာပူး သားယောကျာ်းလေး အောင်မြင်စွာ မွေးဖွား
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီး၌ ဖေဖော်ဝါရီ ၁၉ ရက် နံနက်ပိုင်းက မိခင်တစ်ဦးမှ သားယောကျ်ားလေး သုံးမြွာပူးအား အောင်မြင်စွာ ခွဲစိတ်မွေးဖွားနိုင်ခဲ့ပြီး မိခင်ရော ကလေးများပါ ကျန်းမာလျက်ရှိကြောင်း အဆိုပါ ဆေးရုံကြီးမှ သိရသည်။
ပင်လုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမသစ် ဖွင့်ပွဲကျင်းပ
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်၊ ပင်လုံမြို့၊ ပင်လုံတက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းဆောင်သစ် ဖွင့်ပွဲကို ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက အဆိုပါ ခန်းမရှေ့၌ကျင်းပရာ လွိုင်လင်တပ်နယ်မှူး ဗိုလ်မှူးချုပ်သန်းထွန်းအောင် တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဖွင့်အမှာစကားပြောကြားသည်။
ရခိုင်ပြည်နယ်အတွက် လူသုံးကုန်နှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှု ပြည်နယ်ဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက သူနာပြုနှင့် သားဖွားဒီပလိုမာ (၃)နှစ်သင်တန်း ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံပြီး စစ်တွေမြို့ ဘက်စုံသုံးဆိပ်ကမ်းတွင် ရန်ကုန်မြို့မှ လူသုံးကုန်ပစ္စည်းနှင့် တည်ဆောက်ရေးပစ္စည်းများ ရောက်ရှိလာမှုကို ကြည့်ရှုစစ်ဆေးသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့မှ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ပူးပေါင်းဆောင်ရွက်
နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပုဇွန်ဆိပ်ကျေးရွာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့မှ လေပြင်းဘေးကြိုတင်ပြင်ဆင်ရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ဆောင်ရွက်ခြင်းနှင့် ပျက်စီးနေသော လူနေအိမ်များအတွက်  သက်ကယ်၊ ဝါး၊ ထရံ၊ မျောတိုင်များ ထောက်ပံ့ပေးခြင်းကို ဖေဖော်ဝါရီ ၂၂ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။