လျှပ်စစ်ကျွမ်းကျင်(၄)ဝန်ထမ်းများ၏ လုပ်ငန်းခွင်ကျွမ်းကျင်မှု (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁ /၂၀၂၄) ဖွင့်လှစ်

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

ပြည်ထောင်စုဝန်ကြီး ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း အမျိုးသားကင်ဆာရောဂါ ကုသရေးဌာန တည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှု

ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် ဟနွိုင်းမြို့အခြေစိုက်၊ မြန်မာနိုင်ငံဆိုင်ရာ ဘယ်လာရုစ် နိုင်ငံသံအမတ်ကြီး H.E. Mr. Uladzimir Baravikou အား လက်ခံတွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန် မြန်မာ့စီးပွားရေးဘဏ်၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နှစ်ချုပ်စာရင်းပိတ် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ၊ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၉

တရားမ အထူးအယူခံမှု ၉ မှု စီရင်ချက်ချမှတ်ပြီး တရားမ အထူးအယူခံမှု ၆ မှု ရုံးထိုင်ကြားနာ
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဒေါ်ခင်မေရီ၊ ဦး‌သောင်းနိုင်၊ ဦးသိန်းကိုကိုနှင့် ဒေါ်ပြုံးပြုံးအေး တို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ဖေဖော်ဝါရီ  ၁၉ ရက် နံနက်ပိုင်းက ပြည်ထောင်စု တရားလွှတ်တော်ချုပ်  ရုံးခန်းအမှတ်(၁)၌ ရုံးထိုင်၍ တရားမအထူးအယူခံမှုအမှတ် ၁၉/ ၂၀၂၂ (ဧရာဝတီ)၊ ၁၇/ ၂၀၂၃ (တနင်္သာရီ)၊ ၁၉/ ၂၀၂၃ (ဧရာဝတီ)၊ ၂၃/၂၀၂၃ (ရန်ကုန်)၊ ၃၉/ ၂၀၂၃ (ရန်ကုန်)၊ ၄၇/၂၀၂၂ (မကွေး)၊ ၁၀/ ၂၀၂၃ (တနင်္သာရီ)၊ ၂၅/ ၂၀၂၃ (ကချင်)၊ ၂၆/ ၂၀၂၃ (မန္တလေး) စုစုပေါင်း တရားမ အထူးအယူခံမှု ၉ မှု တို့ကို စီရင်ချက်ချမှတ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်
မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ် ထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။