နေ့စဉ်မိုးလေဝသသတင်း ညနေ(၄:၀၀)နာရီအချိန် ထုတ်ပြန်ချက်
ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
အင်အားပြင်းထန်သော  မြေငလျင်သတင်း

သံတွဲမြို့၌ ကြက်ဥနှင့် အသားများအား ဈေးနှုန်းသက်သာစွာ ရောင်းချ
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းမှစတင်၍ အစိုးရ စက်မှုလက်မှုသိပ္ပံ ကျောင်းဝင်းအတွင်း၌ ဝန်ထမ်းမိသားစုများအား ကြက်ဥနှင့် အသားများကို သံတွဲမြို့မဈေးမှ အသားဆိုင်များက ဈေးနှုန်းသက်သာစွာ ရောင်းချပေးခဲ့သည်။
တပ်ကုန်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်၊ သုတရသစာအုပ်များ ပြသ
နေပြည်တော်၊ ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကဗျာရွတ်၊ ပုံပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများနှင့် နံရံကပ်စာစောင်၊ သုတရသ စာအုပ်များပြသခြင်းကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ Community Centre ခန်းမတွင် ကျင်းပသည်။ 
ညောင်ဦးမြို့နယ်၌ တောင်သူများလက်ဝယ်သို့ မြေယာလျော်ကြေးငွေပေးအပ်
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ တိုင်းရင်းကြက်မွေးမြူရေး၊ သုတေသနနှင့် မျိုးထိန်းမျိုးပွားခြံအဖြစ် အသုံးပြုထားသည့် မြေနေရာအတွက် ညောင်ဦးမြို့နယ် တောင်သူများ လက်ဝယ်သို့ မြေယာလျော်ကြေးငွေ ပေးအပ်ပွဲကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌရုံးခန်းတွင် ပြုလုပ်ခဲ့သည်။
နေပြည်တော် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂၀၂၄) ကျင်းပ
နေပြည်တော်အတွင်း တရားမဝင်ကုန်သွယ်ရေးလုပ်ငန်းများ မရှိစေရေးနှင့် နေပြည်တော် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄)ကို ဇန်နဝါရီ ၁ ရက် နံနက်ပိုင်းက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။